Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 40:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ချိုင့်ဝှမ်း​ရှိသမျှ​ကို ဖို့​၍ တောင်ကြီး​တောင်ငယ်​ရှိသမျှ​ကို ဖြို​ရ​မည်​။ မညီညာ​သော​မြေ​သည် ချောမွေ့​၍ ကြမ်းတမ်း​သော​နေရာ​တို့​သည် လွင်ပြင်​ဖြစ်သွား​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ချိုင့်​ဝှမ်း​ရှိ​သ​မျှ​ကို​ဖို့​၍​တောင်​ကြီး​တောင်​ငယ် အ​ပေါင်း​ကို​ဖြို​ချ​ရ​ကြ​လိမ့်​မည်။ တောင်​ကုန်း​များ​သည် မြေ​ညီ​ဖြစ်​လျက် ကြမ်း​တမ်း​သည့်​နယ်​မြေ​သည် ချော​မော​၍​လာ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ချိုင့် ရှိ သ မျှ သည် ဖို့ ခြင်း၊ တောင် ကုန်း ရှိ သ မျှ သည် ဖြို ခြင်း ခံ လျက်၊ မောက် ရာ သည် လွင် ပြင်၊ ကြမ်း ရာ သည် ကွင်း ပြင် ဖြစ် ရ သ ဖြင့်၊ ထာ ဝ ရ ဘု ရား မိန့် မြွက် တော် မူ သည့် အ တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ချိုင့်​ဝှမ်း​ရာ ရှိ​သ​မျှ​တို့​ကို ဖို့​ရ​မည်။ တောင်​ကြီး​တောင်​ငယ် ရှိ​သ​မျှ​တို့​ကို ဖြို​ရ​မည်။ ကောက်​သော​လမ်း​များ​ကို ဖြောင့်​စေ​ရ​မည်။ ကြမ်း​တမ်း​သော လမ်း​များ​ကို​လည်း သုတ်​သင်​ပြင်​ဆင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 40:4
18 ပူးပေါင်းရင်းမြစ်များ  

ကွေ့ကောက်​သော​လမ်းစဉ်​နှင့် သွေဖည်​လွဲမှား​သော​လမ်း​တို့​ကို​လိုက်​သော​သူ​များ​ဖြစ်​ကြ​၏​။


ကြွေးကြော်​သံ​တစ်​ခု​မှာ “​တောကန္တာရ​၌ ထာဝရဘုရား​ကြွ​တော်မူ​မည့်​လမ်း​ကို ပြင်ဆင်​ကြ​လော့​။ သဲကန္တာရ​၌ ငါ​တို့​၏​ဘုရားသခင်​ကြွ​တော်မူ​မည့် လမ်းမကြီး​ကို ဖြောင့်တန်း​စေ​ကြ​လော့​။


ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် ထင်ရှား​တော်မူ​မည်​။ လူ​အပေါင်း​တို့​သည် အတူတကွ​ဖူးမြင်​ရ​ကြ​လိမ့်မည်​။ အကယ်စင်စစ် ထာဝရဘုရား​၏​နှုတ်​တော်​မှ မိန့်​တော်မူ​ပြီ​”​ဟူ၍​ဖြစ်​၏​။


တောကန္တာရ​နှင့် တောကန္တာရ​ရှိ​မြို့​များ​၊ ကေဒါ​အမျိုး​နေထိုင်​သော​ရွာ​များ​သည် မိမိ​တို့​အသံ​ကို လွှင့်​ကြ​ပါစေ​။ သေလ​မြို့သား​တို့​သည် ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ပါစေ​။ တောင်​ထိပ်​တွင် ကြွေးကြော်​ကြ​ပါစေ​။


“​သင့်​ရှေ့​မှ ငါ​သွား​၍ ကုန်းမြင့်​တို့​ကို ညီညာ​စေ​မည်​။ ကြေးဝါ​တံခါး​တို့​ကို​ချိုးဖျက်​၍ သံ​ကန့်လန့်ကျင်​တို့​ကို ငါ​ဖြတ်ပစ်​မည်​။


ငါ​သည် တောင်​ရှိသမျှ​တို့​ကို လမ်း​ဖြစ်စေ​မည်​။ လမ်းမကြီး​တို့​ကို​လည်း ဖို့​မည်​။


ဖြတ်သွား​ကြ​။ မြို့​တံခါး​ကို ဖြတ်သွား​ကြ​။ လူမျိုးတကာ​တို့​သွား​ရာ​လမ်း​ကို​ပြင်​ကြ​။ ဖို့​ကြ​။ လမ်းမကြီး​ကို​ဖို့​ကြ​။ ကျောက်ခဲ​ကို​ဖယ်​ကြ​။ လူမျိုးတကာ​တို့​အတွက် အချက်ပြအလံ​ကို​လွှင့်ထူ​ကြ​။


ငါ​ထာဝရဘုရား​သည် မြင့်​သော​အပင်​ကို​နိမ့်​စေ​၍ နိမ့်​သော​အပင်​ကို​မြင့်​စေ​ကြောင်း​၊ စိမ်းလန်း​သော​အပင်​ကို​ခြောက်သွေ့​စေ​၍ ခြောက်သွေ့​သော​အပင်​ကို​ဝေဆာ​စေ​ကြောင်း ကွင်းပြင်​မှ​သစ်ပင်​ရှိသမျှ​တို့ သိ​ကြ​ရ​လိမ့်မည်​။ ငါ​ထာဝရဘုရား​သည် မိန့်ဆို​သည့်​အတိုင်း​ပြု​မည်’​ဟူ၍ မိန့်​တော်မူ​၏”​ဟု မိန့်ဆို​၏​။


ဘုရားရှင်​ထာဝရဘုရား​က ‘ခေါင်းပေါင်း​ကို​ချွတ်​လော့​။ သရဖူ​ကို​ဖယ်ရှား​လော့​။ ဤအတိုင်း​မ​ရှိ​စေ​ရ​။ နိမ့်ကျ​သော​သူ​ကို​ချီးမြှောက်​၍ ကြီးမြတ်​သော​သူ​ကို နိမ့်ကျ​စေ​မည်​။


အို တောင်​ကြီး​၊ သင်​သည် မည်သူ​နည်း​။ သင်​သည် ဇေရုဗဗေလ​ရှေ့​တွင် လွင်ပြင် ဖြစ်သွား​ရ​လိမ့်မည်​။ သူ​သည် ထောင့်ချုပ်ကျောက်​ကို ထုတ်ယူ​လာ​သောအခါ “ကောင်း​ပေ​၏​။ ကောင်း​ပေ​၏”​ဟု ဩဘာပေး​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”ဟု ပြောပြ​၏​။


သင်​တို့​အား ငါ​ဆို​သည်​ကား ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​လျက် မိမိ​အိမ်​သို့​ပြန်သွား​သော​သူ​မှာ ဤ​အခွန်​ကောက်ခံ​သူ​ဖြစ်​၍ ထို​ဖာရိရှဲ​မ​ဟုတ်။ အကြောင်းမူကား မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​တိုင်း​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ မိမိကိုယ်ကို​နှိမ့်ချ​သော​သူ​သည် ချီးမြှောက်​ခြင်း​ကို​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ချိုင့်ဝှမ်း​လျှိုမြောင်​ရှိသမျှ​တို့​ကို​ဖို့​၍ တောင်ကြီး​တောင်ငယ်​ရှိသမျှ​တို့​ကို ဖြို​ရ​မည်။ ကောက်​သော​လမ်း​များ​ကို ဖြောင့်တန်း​စေ​၍ ကြမ်းတမ်း​သော​လမ်း​များ​ကို ချောမွေ့​စေ​ရ​မည်။


ဆင်းရဲသား​ကို မြေမှုန့်​ထဲမှ ဆွဲထူ​၍ နွမ်းပါး​သူ​ကို ပြာပုံ​ထဲမှ​ချီမ​တော်မူ​ပြီး မင်းသား​တို့​နှင့်အတူ​ထိုင်​စေ​တော်မူ​၏​။ ဘုန်းကြီး​သော​ပလ္လင်​ကို အမွေဆက်ခံ​စေ​တော်မူ​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​၏​အုတ်မြစ်​ကို ပိုင်​တော်မူ​၍ ကမ္ဘာလောက​ကို ထို​အုတ်မြစ်​ပေါ်တွင် ချထား​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ