ဟေရှာယ 36:7 - မြန်မာ့စံမီသမ္မာကျမ်း7 သင်တို့က ငါတို့၏ဘုရားသခင်ထာဝရဘုရားကို ငါတို့ယုံကြည်ကိုးစားသည်ဟု ဆိုလျှင်လည်း ဟေဇကိမင်းကြီးက ထိုဘုရားနှင့်ဆိုင်သော အထွတ်အမြတ်ထားရာနေရာနှင့် ယဇ်ပလ္လင်တို့ကိုပင် ဖယ်ရှားလိုက်ပြီး ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အား ဂျေရုဆလင်မြို့ရှိ ဤယဇ်ပလ္လင်ရှေ့၌သာ သင်တို့ကိုးကွယ်ရမည်ဟူ၍ မိန့်မှာခဲ့သည် မဟုတ်လော’ဟု မိန့်ဆိုပြီ။ အခန်းကိုကြည့်ပါ။Common Language Bible7 ထို့နောက်သူသည်ဆက်လက်၍``သင်တို့က`ငါ တို့သည် မိမိတို့ဘုရားသခင်ထာဝရ ဘုရားကို အားကိုးပါသည်' ဟုငါ့အား ပြောဆိုကြပါမည်လော။ ဟေဇကိသည် ထာဝရဘုရားအားဝတ်ပြုရာဌာနများ နှင့် ယဇ်ပလ္လင်များကိုဖြိုဖျက်ပစ်ပြီးနောက် ယုဒပြည်သူများနှင့်ယေရုရှလင်မြို့ သားတို့အား ယေရုရှလင်မြို့ရှိယဇ်ပလ္လင် ၌သာလျှင် ဝတ်ပြုကိုးကွယ်ကြစေရန် မှာကြားခဲ့ပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible7 ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ကိုး စား ကြ သည် ဟု ဆို ပြန် မူ က၊ ထို ဘု ရား၏ မြင့် ရာ ဌာ န နှင့် ပူ ဇော် ရာ ပ လ္လင် များ ကို၊ ဟေ ဇ ကိ မင်း ပယ် ရှား ပြီး လျှင်၊ ဤ ပူ ဇော် ရာ ပ လ္လင် တော် ရှေ့ တွင် သာ ရှိ ခိုး ကြ ရ မည် ဟု၊ ယု ဒ ပြည် သူ၊ ယေ ရု ရှ လင် မြို့ သား တို့ အား အ မိန့် ထုတ် ဆင့် ပြီ မ ဟုတ် လော။ အခန်းကိုကြည့်ပါ။Judson Bible7 သင်တို့က၊ ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ကိုးစားသည်ဟု ဆိုပြန်လျှင်၊ ဟေဇကိသည် မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကိုပယ်၍၊ ဤမည်သောယဇ်ပလ္လင်ရှေ့၌သာ ကိုးကွယ်ရမည်ဟု ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို မှာထားသဖြင့်၊ သင်တို့ပြစ်မှားသောဘုရား ဖြစ်သည်မဟုတ်လော။ အခန်းကိုကြည့်ပါ။ |
ပွဲတော်အမှုကိစ္စအားလုံးပြီးစီးသွားသောအခါ ပွဲတော်သို့လာရောက်သောအစ္စရေးလူမျိုးအပေါင်းတို့သည် ယုဒမြို့ရွာများသို့ ထွက်သွားပြီး အထွတ်အမြတ်ကျောက်တိုင်များကို ချိုးဖျက်၍ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲပစ်ကြ၏။ ယုဒပြည်၊ ဗင်္ယာမိန်ပြည်၊ ဧဖရိမ်ပြည်၊ မနာရှေပြည် တစ်လျှောက်လုံးရှိ အထွတ်အမြတ်ထားရာနေရာများ၊ ယဇ်ပလ္လင်များကို အပြီးတိုင်ဖျက်ဆီးပစ်ကြ၏။ ထို့နောက် အစ္စရေးအမျိုးသားအပေါင်းတို့သည် မိမိတို့ဆိုင်ရာမြို့များသို့ အသီးသီးပြန်သွားကြလေ၏။
သင်တို့က ငါတို့၏ဘုရားသခင်ထာဝရဘုရားကို ငါတို့ယုံကြည်ကိုးစားသည်ဟု ဆိုလျှင်လည်း ဟေဇကိမင်းကြီးက ထိုဘုရားနှင့်ဆိုင်သော အထွတ်အမြတ်ထားရာနေရာနှင့် ယဇ်ပလ္လင်တို့ကိုပင် ဖယ်ရှားလိုက်ပြီး ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အား ဂျေရုဆလင်မြို့ရှိ ဤယဇ်ပလ္လင်ရှေ့၌သာ သင်တို့ကိုးကွယ်ရမည်ဟူ၍ မိန့်မှာခဲ့သည် မဟုတ်လော’ဟု မိန့်ဆို၏။