ဟေရှာယ 29:22 - မြန်မာ့စံမီသမ္မာကျမ်း22 အာဗြဟံကို ရွေးနုတ်ကယ်တင်သောထာဝရဘုရားက ယာကုပ်အမျိုးအနွယ်အား “ယာကုပ်သည် အရှက်ကွဲရတော့မည်မဟုတ်။ မျက်နှာပျက်ရတော့မည်မဟုတ်။ အခန်းကိုကြည့်ပါ။Common Language Bible22 ထို့ကြောင့်အာဗြဟံအားဆင်းရဲဒုက္ခမှ ကယ်ဆယ်တော်မူခဲ့သည့်ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားက``အို ငါ၏လူမျိုးတော်၊ သင်တို့ သည် အသရေပျက်ရကြတော့မည်မဟုတ်။ အရှက်ရ၍မျက်နှာပျက်ရကြတော့မည် မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible22 ထို့ ကြောင့် အာ ဗြ ဟံ ကို ရွေး နုတ် တော် မူ သော ထာ ဝ ရ ဘု ရား သည်၊ ယာ ကုပ် အ မျိုး သား တို့ ကို ရည် ၍ မိန့် တော် မူ သည် ကား၊ ယာ ကုပ် အ မျိုး ၌ ရှက် ခြင်း၊ မျက် နှာ ပျက် ခြင်း၊ ဆက် လက် မ ရှိ ရ။ အခန်းကိုကြည့်ပါ။Judson Bible22 သို့ဖြစ်၍ အာဗြဟံအမျိုးကို ရွေးနုတ်တော်မူသော ထာဝရဘုရားသည်၊ ယာကုပ်အမျိုးကိုရည်မှတ်၍ မိန့်တော်မူသည်ကား၊ ယာကုပ်အမျိုးသည် နောက်တစ်ဖန် ရှက်ကြောက်ခြင်း၊ မျက်နှာပျက်ခြင်း မရှိရ။ အခန်းကိုကြည့်ပါ။ |
သို့မှ ငါသည် အစ္စရေးလူမျိုးတို့တွင် စံမြန်းတော်မူကြောင်းကိုလည်းကောင်း၊ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကိုလည်းကောင်း၊ ငါမှတစ်ပါးအခြားသောဘုရားမရှိကြောင်းကိုလည်းကောင်း သင်တို့သိရကြလိမ့်မည်။ ငါ၏လူမျိုးတော်သည်လည်း ဘယ်သောအခါမျှ အရှက်ကွဲရတော့မည်မဟုတ်။
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး
ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုရွေးနုတ်တော်မူသော ကောင်းကင်တမန်သည် ဤသူငယ်တို့ကိုကောင်းချီးပေးတော်မူပါစေသော။ သူတို့ကို ငါ၏အမည်ဖြင့်လည်းကောင်း၊ ငါ့ဘိုးဘအာဗြဟံနှင့်ဣဇက်တို့၏အမည်ဖြင့်လည်းကောင်း မှည့်ခေါ်ပါစေသော။ သူတို့သည် မြေကြီးပေါ်၌ အလွန်ပွားများကြပါစေသော”ဟု ဆိုလေ၏။