ဟေရှာယ 11:3 - မြန်မာ့စံမီသမ္မာကျမ်း3 သူသည် ထာဝရဘုရားအား ကြောက်ရွံ့ခြင်း၌ မွေ့လျော်၍ မိမိမျက်စိမြင်သည့်အတိုင်းမစီရင်၊ နားကြားသည့်အတိုင်း မဆုံးဖြတ်။ အခန်းကိုကြည့်ပါ။Common Language Bible3 ကိုယ်တော်အားကြောက်ရွံ့ရိုသေမှု၌လည်း မွေ့လျော်ပျော်ပိုက်လိမ့်မည်။ သူသည်မျက်စိနှင့်မြင်ယုံသို့မဟုတ် တစ်ဆင့်စကားနှင့်ကြားယုံဖြင့်အဆုံး အဖြတ် ပေးလိမ့်မည်မဟုတ်။ အခန်းကိုကြည့်ပါ။Garrad Bible3 ထာ ဝ ရ ဘု ရား အား ခန့် ညား ခြင်း ကို အ မွှေး အ ကြိုင် သ ဖွယ် မှတ် ယူ သည် နှင့် မျက် စိ မြင်၍ စီ ရင် ခြင်း၊ နား ကြား၍ ဆုံး ဖြတ် ခြင်း ကို ပြု တော် မူ မည် မ ဟုတ် ဘဲ၊ အခန်းကိုကြည့်ပါ။Judson Bible3 ထိုသူသည် ထာဝရဘုရားကိုကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်ဖြစ်၍၊ မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်း မဆုံးဖြတ်ဘဲ၊ အခန်းကိုကြည့်ပါ။ |
အရှင့်ကျွန်မက ‘ငါ့သခင် အရှင်မင်းကြီးသည် အကောင်းအဆိုးကိုခွဲခြားသိမြင်သော ဘုရားသခင်၏ကောင်းကင်တမန်နှင့်တူသောကြောင့် ငါ့သခင် အရှင်မင်းကြီးမိန့်သောစကားသည် စိတ်သက်သာရာရစေလိမ့်မည်’ဟု တွေးမိပါ၏။ အရှင်၏ဘုရားသခင် ထာဝရဘုရားသည် အရှင်နှင့်အတူရှိတော်မူပါစေသော”ဟု လျှောက်တင်လေ၏။
ကိုယ်တော်သည် လူမျိုးများစွာတို့ကို စီရင်တော်မူမည်။ ရပ်ဝေးမှအားကြီးသောလူမျိုးတို့ကို ဆုံးမတော်မူမည်။ သူတို့သည် မိမိတို့၏ဓားများကို ထယ်အဖြစ်၊ လှံများကို တံစဉ်အဖြစ် ထုလုပ်ကြလိမ့်မည်။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဓားနှင့် တိုက်ခိုက်ကြတော့မည်မဟုတ်။ စစ်ရေးလေ့ကျင့်ခြင်းလည်း ရှိတော့မည်မဟုတ်။