Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 9:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ပထမ​ပဋိညာဉ်​တွင်​လည်း ဝတ်ပြု​ခြင်း​ဆိုင်ရာ​ပြဋ္ဌာန်း​ချက်​များ​နှင့် လောက​၌​ရှိ​သော​သန့်ရှင်း​ရာ​ဌာန​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​အ​တွက်​ဝတ်​ပြု ခြင်း​ဆိုင်​ရာ​ထုံး​နည်း​များ​နှင့်​လူ​တို့​တည် ဆောက်​သည့်​ဝတ်​ပြု​ရာ​ဌာ​န​တော်​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ပ ထ မ ပ ဋိ ညာဉ် တ ရား တွင် ပင် လော က နှင့် ဆိုင် သော သန့် ရှင်း ရာ ဌာ န နှင့် ဝတ် ပြု ရာ ထုံး နည်း ချက် များ ပါ ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 တစ်​နည်း​ကား၊ ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​သည် ဝတ်​ပြု​ရာ​စီ​ရင်​ချက်​နှင့်​လည်း​ကောင်း၊ လော​ကီ​သန့်​ရှင်း​ရာ ဌာ​န​တော်​နှင့်​လည်း​ကောင်း စပ်​ဆိုင်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ဘုရားသခင်​၏ ပထမ​ပဋိညာဉ်​၌ ဝတ်ပြုခြင်း​နှင့်​ဆိုင်သော စည်းမျဉ်းများ​နှင့် လောက​နှင့်​ဆိုင်သော သန့်ရှင်းရာ​ဌာနတော် ပါရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 9:1
14 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အလယ်​၌ ငါ​ကိန်းဝပ်​ဖို့​ရန် သူ​တို့​သည် ငါ့​အဖို့ သန့်ရှင်းရာဌာန​ကို​လုပ်​ကြ​စေ​။


သူ​တို့​ပြု​ခဲ့​သမျှ​အတွက် ရှက်​မည်​ဆိုလျှင် အိမ်​တော်​ပုံစံ​၊ စီစဉ်​တည်ဆောက်​ပုံ​၊ ထွက်ပေါက်​ဝင်ပေါက်​စသော အိမ်​တော်​တစ်ခုလုံး​၏​ပုံစံ​၊ အိမ်​တော်​နှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်း​များ​အားလုံး​၊ ပုံစံ​အားလုံး​၊ ဥပဒေသ​အားလုံး စသည်​တို့​ကို သူ​တို့​သိ​အောင် သူ​တို့​ရှေ့​တွင်​ပင် ချရေး​ပြ​လော့​။ သို့မှ အိမ်​တော်​တစ်ခုလုံး​၏​ပုံစံ​နှင့် စည်းမျဉ်းစည်းကမ်း​အားလုံး​ကို စောင့်ထိန်း​လိုက်နာ​နိုင်​မည်​ဖြစ်​သည်​။


ထို့ကြောင့် သင်​တို့​ရှေ့​၌​ရှိ​သော​သူ​တို့​ပြုကျင့်​ကြ​သည့် စက်ဆုပ်ရွံရှာဖွယ်​ဓလေ့စရိုက်​တို့​ကို​မ​ပြုကျင့်​မိ​ရန် သင်​တို့​သည် ငါ​၏​ညွှန်ကြားချက်​ကို​စောင့်ထိန်း​ရ​မည်​။ ထို​ဓလေ့စရိုက်​တို့​အားဖြင့် သင်​တို့​ကိုယ်​သင်​တို့ မ​ညစ်ညူး​စေ​နှင့်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


ယဇ်ပုရောဟိတ်​တို့​သည် ငါ​၏​ညွှန်ကြားချက်​ကို ရှုတ်ချ​ခြင်း​ဖြင့် အပြစ်​ခံရ​၍ မ​သေ​ရ​မည့်​အကြောင်း ငါ​၏​ညွှန်ကြားချက်​ကို စောင့်ထိန်း​ရ​မည်​။ ငါ​သည် သူ​တို့​ကို သန့်ရှင်း​စေ​သော​ထာဝရဘုရား​ဖြစ်​၏​။


အသား​ကို နံနက်​တိုင်အောင် မ​ကြွင်းကျန်​စေ​ရ​။ အရိုး​ကို​လည်း မ​ချိုး​ရ​။ ပသခါပွဲတော်​၏​ပြဋ္ဌာန်းချက်​ရှိသမျှ​နှင့်အညီ ထို​ပွဲတော်​ကို ကျင်းပ​ရ​မည်​။


သူ​တို့​နှစ်ဦးစလုံး​သည် ထာဝရ​ဘုရား​၏​ပညတ်​တော်​နှင့်​ပြဋ္ဌာန်း​ချက်​ရှိသမျှ​တို့​ကို တစ်သဝေမတိမ်း​လိုက်လျှောက်​လျက် ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သော​သူ​များ​ဖြစ်​ကြ​၏။


သူ​တို့​သည် အစ္စရေး​အမျိုးသား​များ​ဖြစ်​ကြ​ပြီး သားသမီး​အရာ​ဖြစ်စေ၊ ဘုန်း​အသရေ​ဖြစ်စေ၊ ပဋိညာဉ်​များ​ဖြစ်စေ၊ ပညတ်​တရား​ပေးအပ်​ခြင်း​ဖြစ်စေ၊ ဝတ်ပြု​ခြင်း​ဖြစ်စေ၊ ကတိ​တော်​များ​ဖြစ်စေ ထို​သူ​တို့​နှင့်ဆိုင်​၏။


ခရစ်တော်​၏​တရား​၌​အခြေ​မ​ပြု​ဘဲ လောက​၏​အခြေခံ​တရား​နှင့် လူ​တို့​၏​ဓလေ့​ထုံးတမ်း​၌​အခြေပြု​သော အတွေးအခေါ်​ပညာ​နှင့် အနှစ်သာရ​ကင်းမဲ့​သော​လှည့်ဖြား​မှု​တို့​ဖြင့် မည်သူ​က​မျှ သင်​တို့​ကို​မ​လွှမ်းမိုး​မ​သိမ်းသွင်း​စေရန် သတိပြု​ကြ​လော့။


ဘုရားသခင်​သည် “ပဋိညာဉ်​သစ်”​ဟု မိန့်​တော်မူ​ခြင်း​အားဖြင့် ပထမ​ပဋိညာဉ်​ကို ဟောင်းနွမ်း​စေ​တော်မူ​၏။ ကြာညောင်း​၍ ဟောင်းနွမ်း​သော​အရာ​သည် မကြာမီ​ပျောက်ကွယ်​သွား​လိမ့်မည်။


လူ​က​မ​ဟုတ်​ဘဲ ထာဝရ​ဘုရား​က​တည်ဆောက်​တော်မူ​သော စစ်မှန်​သည့်​တဲ​တော်​နှင့် သန့်ရှင်း​ရာ​ဌာန​၏​အမှု​ကို​ထမ်းဆောင်​သူ​ဖြစ်​တော်မူ​၏။


အကြောင်းမူကား ပထမ​ပဋိညာဉ်​၌ အပြစ်တင်​စရာ​မ​ရှိ​ခဲ့​လျှင် ဒုတိယ​ပဋိညာဉ်​သည် လိုအပ်​စရာ​အကြောင်း​ရှိ​ခဲ့​မည်​မ​ဟုတ်။


အကြောင်းမူကား ခရစ်တော်​သည် စစ်မှန်​သော​အရာ​၏​ပုံတူ​မျှသာ​ဖြစ်​သည့် လူ့​လက်​ဖြင့်​တည်ဆောက်​သော​သန့်ရှင်း​ရာ​ဌာန​ထဲသို့​မ​ဝင်​ဘဲ ငါ​တို့​ကိုယ်စား ယခု ဘုရားသခင်​၏​ရှေ့​တော်​၌​ထင်ရှား​တော်မူ​ရန် ကောင်းကင်​ထဲသို့​ဝင်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ