သူကြီး 5:15 - မြန်မာ့စံမီသမ္မာကျမ်း15 ဣသခါအကြီးအကဲတို့သည် ဒေဗောရနှင့်အတူလိုက်ကြပြီ။ ထိုနည်းတူ ဣသခါအမျိုးသည် ဗာရက်နောက်မှလိုက်၍ လွင်ပြင်သို့ တစ်ဟုန်ထိုးချီသွားကြပြီ။ ရုဗင်အမျိုးတွင်မူကား အကြီးအကျယ်ဝေခွဲမရ ဖြစ်လေပြီ။ အခန်းကိုကြည့်ပါ။Common Language Bible15 ဣသခါအနွယ်ဝင်တို့၏ခေါင်းဆောင်များ သည် ဒေဗောရနှင့်အတူလိုက်ပါလာကြ၏။ ဣသခါအနွယ်ဝင်တို့သည်ဗာရက်နှင့်အတူ လိုက်လာကြ၏။ သူတို့သည်ဗာရက်နှင့်အတူလိုက်၍ ချိုင့်ထဲသို့ဆင်းခဲ့ကြ၏။ ရုဗင်အနွယ်ဝင်တို့မူကားညီညွတ်မှုမရှိသဖြင့် လိုက်ပါလာရန်မိမိတို့စိတ်ကိုမဆုံးဖြတ်နိုင်ကြ။ အခန်းကိုကြည့်ပါ။Garrad Bible15 ဣ သ ခါ့ နည်း တူ ဗာ ရက် ခြေ ရင်း ချိုင့် တွင်း သို့ ဣ သ ခါ မှူး မတ် တို့ သည် ဒေ ဗော ရ ဘက် ပါ၍ တစ် ဟုန် တည်း ဆင်း ကြ၏။ ရု ဗင့် အ မျိုး အ နွယ် တို့ တွင် ပြင်း စွာ ကြံ စည် ခြင်း ရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible15 ဣသခါမင်းတို့သည်လည်း၊ ဒေဗောရ၌ပါ၍ ဣသခါအမျိုးသည် ဗာရက်၏လက်ရုံး ဖြစ်၏။ ဗာရက်နောက်မှာ ချိုင့်ထဲသို့ပြေးလိုက်ကြ၏။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံးပြဌာန်းခြင်း များကြ၏။ အခန်းကိုကြည့်ပါ။ |