Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 11:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ဂိလဒ်​ပြည်သား ယေဖသ​သည် ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​တစ်ဦး​ဖြစ်​၏​။ ယေဖသ​၏​ဖခင်​မှာ ဂိလဒ်​ဖြစ်​ပြီး မိခင်​မှာ ပြည့်တန်ဆာမ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 သူ​ရဲ​ကောင်း​တစ်​ဦး​ဖြစ်​သူ​ယေ​ဖ​သ​သည် ပြည့်​တန်​ဆာ​မ​တစ်​ယောက်​၏​သား​ဖြစ်​၏။ သူ​၏​ဖ​ခင်​ဂိ​လဒ်​၌၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ဂိ လဒ် အ နွယ် ယေ ဖ သ သည် စစ် ခေါင်း မာ သူ ဖြစ်၏။ အ ဖ ကား ဂိ လဒ်။ အ မိ ကား ပြည် တန် ဆာ ဖြစ် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ဂိ​လဒ်​အ​မျိုး​သား ယေ​ဖ​သ​သည် ခွန်​အား​ကြီး​သော သူ​ရဲ​ဖြစ်၏။ သူ့​အ​ဘ​ကား ဂိ​လဒ်၊ သူ့​အ​မိ​ကား ပြည့်​တန်​ဆာ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 11:1
6 ပူးပေါင်းရင်းမြစ်များ  

ဆီးရီးယား​ဘုရင်​၏​ဗိုလ်ချုပ်​နေမန်​သည် မိမိ​အရှင်​၏​ချီးမြှောက်​ခြင်း​၊ မျက်နှာသာပေး​ခြင်း​ကို ခံရ​သော​သူ​ဖြစ်​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် သူ့​အားဖြင့် ဆီးရီးယား​ပြည်​ကို အောင်ပွဲ​ရ​စေ​တော်မူ​၏​။ သူ​သည် ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​ဖြစ်​သော်လည်း အနာကြီးရောဂါစွဲ​နေ​၏​။


ထို့ပြင် ထပ်၍ မည်သည့်​အကြောင်း​ကို ပြော​ရ​ဦး​မည်နည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလ​နှင့် ပရောဖက်​တို့​၏​အကြောင်း​များ​ကို​ပြော​လျှင် အချိန်​လောက်​မည်​မ​ဟုတ်။


ဂိလဒ်​ပြည်သား​အကြီးအကဲ​တို့​က “​အမ္မုန်​အမျိုးသား​တို့​ကို မည်သူ​ဦးဆောင်​တိုက်ခိုက်​မည်နည်း​။ ထို​သူ​ကို ဂိလဒ်​ပြည်​၏​ခေါင်းဆောင်​ဖြစ်​စေ​မည်​”​ဟု အချင်းချင်း​ပြောဆို​ကြ​၏​။


ဂိလဒ်​၏​မယား​သည် သား​တို့​ကို​မွေးဖွား​၏​။ ထို​မယား​၏​သား​တို့ ကြီးပြင်း​လာ​သောအခါ ယေဖသ​အား “​သင်​သည် အခြား​မိန်းမ​၏​သား​ဖြစ်​သောကြောင့် ငါ​တို့​အဖ​၏​အိမ်သူအိမ်သား​တို့​နှင့်အတူ အမွေ​မ​ခံရ​”​ဟု ဆို​၍​နှင်ထုတ်​ကြ​၏​။


ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​က ကိုယ်ထင်ရှားပြ​၍ သူ့​အား “​ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​၊ ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​တော်မူ​၏​”​ဟု ဆို​၏​။


ထို့ကြောင့် ထာဝရဘုရား​သည် ယေရုဗ္ဗာလ​၊ ဗေဒန်​၊ ယေဖသ​နှင့် ရှမွေလ​တို့​ကို​စေလွှတ်​၍ သင်​တို့​ဝန်းကျင်​ရှိ​ရန်သူ​တို့​လက်​မှ သင်​တို့​ကို ကယ်နုတ်​တော်မူ​သဖြင့် သင်​တို့​သည် ဘေးကင်းလုံခြုံ​စွာ​နေ​ရ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ