သုတ္တံကျမ်း။ 17:26 - မြန်မာ့စံမီသမ္မာကျမ်း26 ဖြောင့်မတ်သောသူကို အပြစ်ဒဏ်ပေးခြင်း၊ မင်းအရာရှိတို့ကို ဖြောင့်မှန်မှုအတွက်ရိုက်ခြင်းသည် မကောင်းပေ။ အခန်းကိုကြည့်ပါ။Common Language Bible26 ဖြောင့်မတ်သော သူကို အပြစ်ဒဏ်မပေး ကောင်း။ တရားသဖြင့် စီရင်သော မင်းကိုလည်း မထိခိုက် ကောင်း။ အခန်းကိုကြည့်ပါ။Garrad Bible26 ဖြောင့် မတ် သော သူ့ ကို ဒဏ် စီ ရင် ရန်လည်း ကောင်း၊ ဖြောင့် မှန် ခြင်း ကို ထောက်၍၊ သူ တော် ကောင်း တို့ ကို ဒဏ် ခတ် ရန်လည်း ကောင်း၊ မ သင့် မ လျော်။ အခန်းကိုကြည့်ပါ။Judson Bible26 ဖြောင့်မတ်သောသူကို အပြစ်ဒဏ်မပေးကောင်း။ တရားသဖြင့် စီရင်သောမင်းကိုလည်း မထိခိုက်ကောင်း။ အခန်းကိုကြည့်ပါ။ |
ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ ကွပ်မျက်သောအမှုမျိုးပြုခြင်းသည် ကိုယ်တော်နှင့်ဝေးပါစေ။ ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူကဲ့သို့ ခံစားစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေ။ ကမ္ဘာမြေတစ်ခွင်လုံးကိုတရားစီရင်တော်မူသောအရှင်သည် တရားမျှတစွာပြုတော်မူမည်မဟုတ်လော”ဟု လျှောက်လေ၏။
ယခု ထပါ။ အရှင့်အမှုထမ်းတို့ထံသွား၍ နှစ်သိမ့်စကားမြွက်ဆိုပေးပါ။ အရှင်မင်းကြီးမသွားလျှင် ယခုညတွင်ပင် အရှင်မင်းကြီးထံပါး၌ မည်သူမျှကျန်ခဲ့မည်မဟုတ်ပါ။ ဤအမှုသည် အရှင်မင်းကြီး ငယ်စဉ်မှစ၍ ယခုချိန်ထိ ကြုံဖူးသောဒုက္ခအားလုံးထဲတွင် အဆိုးဆုံးဖြစ်လိမ့်မည်ကို ထာဝရဘုရားကိုတိုင်တည်၍ အကျွန်ုပ်ကျိန်ဝံ့ပါ၏”ဟု လျှောက်တင်လေ၏။