Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 7:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ယဇ်ပုရောဟိတ်​သည် တစ်စုံတစ်ဦး​အတွက် မီးရှို့ရာယဇ်​ကို ပူဇော်​ပေး​လျှင် ထို​ယဇ်ပုရောဟိတ်​သည် သူ​ပူဇော်​ပေး​သော​မီးရှို့ရာယဇ်ကောင်​၏​သားရေ​ကို ပိုင်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 မီး​ရှို့​ရာ​ယဇ်​ကောင်​၏​သား​ရေ​သည် ယဇ်​ပူ​ဇော် သော​ယဇ်​ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 အ ကြင် ပ ရော ဟိတ် သည် လူ တစ် ဦး တ​စ် ယောက် ၏ မီး ရှို့ ရာ သ က္ကာ ကို ဆက် ကပ် အံ့။ သ က္ကာ ဆိုင် ရာ သား ရေ သည် ထို ပ ရော ဟိတ် ပိုင် ရာ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 လူ​တစ်​စုံ​တစ်​ယောက်​ပြု​သော မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​သော ယဇ်​ပု​ရော​ဟိတ်​သည်၊ မိ​မိ​ပူ​ဇော်​သော​ယဇ်​ကောင်​အ​ရေ​ကို ယူ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 7:8
9 ပူးပေါင်းရင်းမြစ်များ  

ထာဝရအရှင်​ဘုရားသခင်​သည် အာဒံ​နှင့် သူ​၏​မယား​အတွက် သားရေ​ဝတ်ရုံ​ကို​လုပ်​၍ သူ​တို့​အား​ဝတ်ဆင်​ပေး​တော်မူ​၏​။


နွားထီး​၏​အသား​၊ အရေခွံ​၊ မစင်​တို့​ကို​ကား တပ်စခန်း​၏​အပြင်ဘက်​၌ မီး​ရှို့​ပစ်​ရ​မည်​။ ဤသည်ကား အပြစ်ဖြေရာယဇ်​ဖြစ်​၏​။


သူ​သည် မီးရှို့ရာယဇ်ကောင်​ကို အရေဆုတ်​ပြီး ထို​ယဇ်ကောင်​ကို အပိုင်းပိုင်း​ခုတ်ဖြတ်​ရ​မည်​။


သို့သော် နွားထီး​၏​အရေခွံ​၊ အသား​အားလုံး​နှင့်တကွ ဦးခေါင်း​နှင့် ခြေထောက်​၊ အူ​နှင့် မစင်​မှစ၍


အပြစ်ဒဏ်ဖြေရာယဇ်​သည် အပြစ်ဖြေရာယဇ်​ကဲ့သို့ပင်​ဖြစ်ပြီး ၎င်း​တို့​နှင့်ဆိုင်သော​တရား​သည် တစ်ပါးတည်း​ဖြစ်​၏​။ ယဇ်ကောင်​ဖြင့် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သော​ယဇ်ပုရောဟိတ်​သည် ထို​ယဇ်ကောင်​ကို ပိုင်​၏​။


မီးဖို​ထဲ၌​ဖုတ်​သော​ဘောဇဉ်ပူဇော်သက္ကာ​ရှိသမျှ​နှင့် အိုးကင်း​၊ ဒယ်ပြား​ဖြင့်​လုပ်​သော​မုန့်​အားလုံး​ကို ဘောဇဉ်ပူဇော်သက္ကာ​ပူဇော်​ပေး​သော​ယဇ်ပုရောဟိတ်​သည် ပိုင်​၏​။


ထို​နွားမတမ်း​ကို သူ့​ရှေ့​၌ ရှို့​စေ​ရ​မည်​။ အရေခွံ​၊ အသား​၊ သွေး​တို့​ကို မစင်​နှင့်တကွ ရှို့​ပစ်​ရ​မည်​။


သခင်​ယေရှု​ခရစ်တော်​ကို ဝတ်ဆင်​ကြ​လော့။ သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​ကို​ဖြည့်ဆည်း​ရန် မ​ကြံစည်​ကြ​နှင့်။


အစားအစာ​ဝေစု​ကို ညီတူမျှတူ​ရပိုင်ခွင့်​ရှိ​သည့်​အပြင် ဘိုးဘေး​တို့​ပိုင်​သော​ဥစ္စာ​ကို​ရောင်း​၍​ရ​သော​ငွေ​ကို​လည်း ရ​ပိုင်​ခွင့်​ရှိ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ