Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 7:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ၎င်း​တို့​ကို ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် ယဇ်ပုရောဟိတ်​သည် ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ဤသည်ကား အပြစ်ဒဏ်ဖြေရာယဇ်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ယဇ်​ပု​ရော​ဟိတ်​သည်​အ​ဆီ​ရှိ​သ​မျှ​ကို​ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ကား အ​ပြစ်​ဒဏ်​ပြေ​ရာ​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ပ ရော ဟိတ် သည် ထာ ရ ဘု ရား ထံ မီး ပူ ဇော် ရာ အ ဖြစ် ပြစ် ဒဏ် ပြေ ရာ သ က္ကာ ဖြစ် သည် နှင့် အ ညီ ပ လ္လင် တော် ပေါ် မှာ ပူ ဇော် ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ယဇ်​ပု​ရော​ဟိတ်​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့် ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ် ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 7:5
13 ပူးပေါင်းရင်းမြစ်များ  

သူ​သည် အူ​နှင့်​ခြေထောက်​ကို ရေ​ဖြင့်​ဆေးကြော​ရ​မည်​။ ထို့နောက် ယဇ်ပုရောဟိတ်​သည် ထို​အရာ​အားလုံး​ကို ယူဆောင်​လာ​၍ မီးရှို့ရာယဇ်​အဖြစ် ယဇ်ပလ္လင်​ပေါ်၌​ရှို့​ရ​မည်​။ ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော မွှေးကြိုင်​သည့်​ရနံ့ ဖြစ်​၏​။


သူ​သည် အူ​နှင့်​ခြေထောက်​ကို ရေ​ဖြင့်​ဆေးကြော​ရ​မည်​။ ထို့နောက် ယဇ်ပုရောဟိတ်​သည် ထို​အရာ​အားလုံး​ကို မီးရှို့ရာယဇ်​အဖြစ် ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော မွှေးကြိုင်​သည့်​ရနံ့ ဖြစ်​၏​။


ယဇ်ပုရောဟိတ်​သည် လော်ဗန်​ရှိသမျှ​နှင့်တကွ ကြိတ်​ထား​သော​အစေ့​နှင့်​ဆီ​ထဲမှ ပူဇော်သက္ကာ​အမှတ်သညာ​ကို ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် ရှို့​ရ​မည်​။


အာရုန်​၏​သား​ယဇ်ပုရောဟိတ်​တို့​ထံသို့ ယူဆောင်​လာ​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် ပူဇော်သက္ကာ​အမှတ်သညာ​အဖြစ် ထို​ပူဇော်သက္ကာ​ထဲမှ လော်ဗန်​ရှိသမျှ​နှင့်တကွ အကောင်းဆုံး​ဂျုံမှုန့်​နှင့်​ဆီ​ကို လက်တစ်ဆုပ်စာ​ယူ​၍ ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​မွှေးကြိုင်​သည့်​ရနံ့​ဖြစ်​၏​။


ယဇ်ပုရောဟိတ်​သည် ပူဇော်သက္ကာ​အမှတ်သညာ​ကို ဘောဇဉ်ပူဇော်သက္ကာ​ထဲမှ​ယူ​၍ ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော မွှေးကြိုင်​သည့်​ရနံ့ ဖြစ်​၏​။


ယဇ်ပုရောဟိတ်​သည် မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​စားဖွယ်ရာ​ပူဇော်သက္ကာ​အဖြစ် ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ အဆီ​ရှိသမျှ​ကို ထာဝရဘုရား​ပိုင်​တော်မူ​၏​။


သူ​သည် ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် မိတ်သဟာယယဇ်ကောင်​မှ အူ​ကို​ဖုံး​နေ​သည့်​အဆီ​၊ အူ​၌​ရှိ​သည့်​အဆီ​အားလုံး​၊


သူ​သည် သိုးသငယ်​ကို ပူဇော်​ရန်​မ​တတ်နိုင်​လျှင် သူ​ကျူးလွန်​မိ​ခဲ့​သော​အပြစ်​အတွက် အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို ထာဝရဘုရား​ထံသို့ ယူဆောင်​လာ​ရ​မည်​။ တစ်​ကောင်​သည် အပြစ်ဖြေရာယဇ်​အတွက်​ဖြစ်ပြီး ကျန်​တစ်​ကောင်​သည် မီးရှို့ရာယဇ်​အတွက်​ဖြစ်​၏​။


ခါး​အောက်ပိုင်း​ရှိ ကျောက်ကပ်​နှစ်​ခု​နှင့် ၎င်း​တို့​ပေါ်​ရှိ​အဆီ​၊ ကျောက်ကပ်​နှင့်အတူ​ခွာယူ​သည့် အသည်း​ပေါ်မှ​အဆီပျဉ်​စသော ယဇ်ကောင်​၏​အဆီ​အားလုံး​ကို ပူဇော်​ရ​မည်​။


ယဇ်ပုရောဟိတ်​ဖြစ်​သော​ယောက်ျား​တိုင်း ယဇ်ကောင်​အသား​ကို​စား​ခွင့်​ရှိ​၏​။ သန့်ရှင်း​သော​နေရာ​၌ စား​ရ​မည်​။ ဤ​ယဇ်​သည် အထူး​သန့်ရှင်း​သော​ယဇ်​ဖြစ်​၏​။


သို့ဖြစ်၍ ငါ​အသက်ရှင်​သည်မှာ ငါ​ကိုယ်တိုင်​မ​ဟုတ်​တော့​ဘဲ ခရစ်တော်​သည် ငါ​၌​အသက်ရှင်​တော်မူ​၏။ ယခု ကိုယ်ကာယ​၌ ငါ​အသက်ရှင်​သည်မှာ ငါ့​ကို​ချစ်​၍ ငါ့​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​သော ဘုရားသခင်​၏​သား​တော်​ကို ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​ခြင်း​ဖြစ်​၏။


ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​သူ​တို့​သည် သွေးသား​ဇာတိ​ကို ၎င်း​၏​စိတ်​ပြင်းပြ​မှု​များ၊ တပ်မက်​မှု​များ​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ကြ​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ