ဝတ်ပြု 24:2 - မြန်မာ့စံမီသမ္မာကျမ်း2 “မီးခွက်အစဉ်မပြတ်လင်းနေစေရန် မီးထွန်းစရာအတွက် ထောင်းယူသောသံလွင်ဆီသန့်ကို သင့်ထံသို့ယူဆောင်လာရန် အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ အခန်းကိုကြည့်ပါ။Garrad Bible2 အ စဉ် အ တိုင်း မီး ခွက် တင် ထွန်း ခြင်း ငှါ ထောင်း ညှပ်၍ ရ သော မီး ပူ ဇော် ရန် သံ လွင် ဆီ စစ် ကို သင့် ထံ ဆောင် ခဲ့ ကြ ရ မည့် အ ကြောင်း ဣ သ ရေ လ အ မျိုး သား တို့ အား မှာ ထား လော့။ အခန်းကိုကြည့်ပါ။Judson Bible2 ပရိသတ်စည်းဝေးရာတဲတော်တွင် သက်သေခံချက်ကုလားကာပြင်မှာ မီးခုံ၌ အစဉ်မပြတ်မီးထွန်းရာဖို့၊ သံလွင်သီးကို ထောင်း၍ယူသော သံလွင်ဆီစစ်ကို၊ ဣသရေလအမျိုးသားတို့သည် သင့်ထံသို့ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။ အခန်းကိုကြည့်ပါ။ |
ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။
နံနက်တိုင်း၊ ညနေတိုင်း ထာဝရဘုရားထံမီးရှို့ရာယဇ်နှင့် အမွှေးနံ့သာတို့ကို ပူဇော်ကြ၏။ သန့်ရှင်းသောစားပွဲပေါ်တွင် ရှေ့တော်မုန့်ကို တင်ထားပြီး ညနေတိုင်း ရွှေဆီမီးခုံမှ မီးခွက်တို့၌ မီးကိုထွန်းထား၏။ ငါတို့သည် ငါတို့ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အတိုင်း လိုက်နာကြသော်လည်း သင်တို့မူကား ဘုရားသခင်ကို စွန့်ပယ်ကြပြီ။