ဝတ်ပြု 22:2 - မြန်မာ့စံမီသမ္မာကျမ်း2 “အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုလော့။ ငါ၏သန့်ရှင်းသောနာမတော်ကို ရှုတ်ချရာမရောက်မည့်အကြောင်း ငါ့အား အစ္စရေးအမျိုးသားတို့ ဆက်ကပ်သည့် သန့်ရှင်းသောပူဇော်သက္ကာကို ပူဇော်ရာ၌ ဂရုပြုရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible2 သန့် ရှင်း သော နာ မ တော် ကို မ ညှိုး ပုပ် ကြ စေ ရန် ငါ့ အ ဖို့ ဣ သ ရေ လ အ မျိုး သား တို့ သီး သန့် ထား သော ဝ တ္ထု များ ကို သန့် သော အ ဖြစ် နှင့် သာ သုံး ဆောင် ကြ ရ မည့် အ ကြောင်း အာ ရုန် နှင့် သား တို့ အား ဆင့် ဆို လော့။ ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း။ အခန်းကိုကြည့်ပါ။Judson Bible2 အာရုန်နှင့် သူ၏သားတို့သည် ငါ့အဖို့သန့်ရှင်းစေသောအရာအားဖြင့်၊ သန့်ရှင်းသော ငါ၏နာမတော်ကိုမရှုတ်မချဘဲ၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောအရာများနှင့် ကိုယ်ကိုကိုယ်ကွာစေရမည်အကြောင်း ဆင့်ဆိုလော့။ ငါသည် ထာဝရဘုရားဖြစ်၏။ အခန်းကိုကြည့်ပါ။ |
၎င်းကို အာရုန်၏နဖူးပေါ်၌ဆင်ခြင်းဖြင့် သန့်ရှင်းသောပူဇော်သက္ကာအဝဝတို့ကို အစ္စရေးအမျိုးသားတို့ဆက်ကပ်ပူဇော်ရာမှ ဖြစ်လာသည့် သန့်ရှင်းသောပူဇော်သက္ကာဆိုင်ရာအပြစ်ကို အာရုန်ဆောင်ယူရမည်။ အစ္စရေးအမျိုးသားတို့အား ထာဝရဘုရား လက်ခံတော်မူမည့်အကြောင်း ၎င်းသည် သူ၏နဖူးပေါ်၌ အစဉ်ရှိရမည်။