ဝတ်ပြု 14:42 - မြန်မာ့စံမီသမ္မာကျမ်း42 ယခင်ကျောက်တုံးများနေရာ၌ အခြားကျောက်တုံးများကိုယူ၍ အစားထိုးရမည်။ ရွှံ့စေးသရွတ်အသစ်ကိုယူ၍ အိမ်ကို သရွတ်ကိုင်ရမည်။ အခန်းကိုကြည့်ပါ။Common Language Bible42 ထုတ်ပစ်သောကျောက်တုံးများနေရာတွင် အခြားကျောက်တုံးများဖြင့်အစားထိုး ၍ ထရံများကိုအင်္ဂတေဖြင့်အသစ်မွမ်းမံ စေရမည်။ အခန်းကိုကြည့်ပါ။Garrad Bible42 အ ထက် ကျောက် ရာ တွင် ကျောက် သစ် ယူ၍ အ စား ထိုး ခြင်း၊ အင်္ဂ တေ သစ် ကို လည်း ယူ၍ မွမ်း မံ ခြင်း များ ကို ပြု ကြ ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible42 အရင်ကျောက်အစား၌ အခြားသောကျောက်ကိုယူ၍ ထည့်ပြီးလျှင်၊ အသစ်သောအင်္ဂတေနှင့် မွမ်းမံရမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။
အကြောင်းမူကား အာဗြဟံသည် သူ၏သားသမီးတို့နှင့် နောင်လာမည့်သူ၏အမျိုးအနွယ်တို့အား ဖြောင့်မတ်သောအမှု၊ တရားမျှတသောအမှုကိုပြုကျင့်၍ ထာဝရဘုရား၏လမ်းတော်ကိုစောင့်ထိန်းကြစေရန် မှာကြားခြင်းအားဖြင့် သူ့အားထာဝရဘုရားမိန့်တော်မူခဲ့သောအရာကို သူ၌ပြည့်စုံစေမည့်အကြောင်း သူ့ကို ငါရွေးကောက်ထားပြီ”ဟု မိန့်တော်မူ၏။