ဝတ်ပြု 14:40 - မြန်မာ့စံမီသမ္မာကျမ်း40 အနာစွဲနေသောကျောက်တုံးများကို ထုတ်ပစ်၍ မြို့ပြင်ရှိ မစင်ကြယ်သောနေရာသို့ လွှင့်ပစ်ရမည်ဟု ယဇ်ပုရောဟိတ်မိန့်မှာရမည်။ အခန်းကိုကြည့်ပါ။Common Language Bible40 ဖားဥစွဲသောကျောက်တုံးများကိုထုတ်၍ မြို့ပြင်ရှိအညစ်အကြေးစွန့်ရာအရပ် ၌စွန့်ပစ်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible40 ပ ရော ဟိတ် မိန့် မှာ သည့် အ တိုင်း အ မှတ် လ က္ခ ဏာ ရှိ သော ကျောက် များ ကို ထုတ် လျက် မြို့ ပြင် မ စင် ကြယ် သော အ ရပ် သို့ ပစ် လိုက် ခြင်း၊ အခန်းကိုကြည့်ပါ။Judson Bible40 အနာစွဲသော ကျောက်တို့ကိုနုတ်ပယ်၍၊ မြို့ပြင်မစင်ကြယ်သောအရပ်၌ ပစ်ထားစေခြင်းငှာ ယဇ်ပုရောဟိတ်စီရင်၍၊ အခန်းကိုကြည့်ပါ။ |
သင်၏လုပ်ဆောင်မှုများမှစ၍ သင်၏ကြိုးပမ်းအားထုတ်မှုနှင့် သည်းခံမှုတို့ကိုငါသိ၏။ သင်သည် ဆိုးယုတ်သောသူတို့ကို လက်မခံနိုင်ကြောင်းနှင့် မိမိတို့ကိုယ်ကို တမန်တော်ဟုခေါ်ဆိုကြသော်လည်း တမန်တော်မဟုတ်သောသူတို့ကို စမ်းသပ်စစ်ဆေး၍ သူတို့သည် လိမ်လည်သောသူများဖြစ်ကြသည်ဟု သင်တွေ့ရှိကြောင်းကိုလည်း ငါသိ၏။
သို့သော် သင့်အား ငါအပြစ်ဆိုစရာရှိ၏။ အကြောင်းမှာ သင်သည် မိမိကိုယ်ကိုပရောဖက်မဟုခေါ်သော ထိုမိန်းမယေဇဗေလကို ပြုလိုရာပြုခွင့်ပေးထားသဖြင့် သူသည် ငါ၏အစေအပါးတို့အား တရားနှင့်မညီမေထုန်ပြုကြရန်နှင့် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန် သွန်သင်လျက် သူတို့ကိုလှည့်ဖြားနေ၏။