Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 14:28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ယဇ်ပုရောဟိတ်​သည် မိမိ​လက်ဖဝါး​ထဲ​ရှိ​ဆီ​အချို့​ကို စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​၏​ယာဘက်​နားပျဉ်း​၊ ယာဘက်​လက်မ​နှင့်​ယာဘက်​ခြေမ​ပေါ်၌ သုတ်လိမ်း​ထား​သော အပြစ်ဒဏ်ဖြေရာယဇ်ကောင်​၏​သွေး​ပေါ်၌ ထပ်၍​သုတ်လိမ်း​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 တစ်​ဖန်​သူ​သည်​သွေး​သုတ်​ပြီး​သော​နေ​ရာ များ​ဖြစ်​သည့်​လက်​ယာ​နား​ပျဉ်း၊ လက်​ယာ လက်​မ၊ လက်​ယာ​ခြေ​မ​တို့​တွင်​ဆီ​အ​နည်း ငယ်​သုတ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 လက် ဝါး ရှိ ဆီ အ နက် သန့် စေ ခြင်း လို သော သူ၏ လက်ျာ နား ပျင်း၊ လက်ျာ လက် မ၊ လက်ျာ ခြေ မ များ၌ ပြစ် ဒဏ် ပြေ ရာ သ က္ကာ၏ အ သွေး ရှိ ရာ တွင် သုတ် ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 မိ​မိ​လက်၌​ကြွင်း​သော​ဆီ​ကို စင်​ကြယ်​စေ​ရ​သော​သူ၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း​ရှိ​သော ဒု​စ​ရိုက်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ပေါ်​မှာ​ထည့်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 14:28
5 ပူးပေါင်းရင်းမြစ်များ  

ထို​သိုးထီး​ကို​သတ်​ပြီးလျှင် သွေး​အချို့​ကို​ယူ​၍ အာရုန်​၏​ယာဘက်​နားပျဉ်း​နှင့် သူ့​သား​တို့​၏​ယာဘက်​နားပျဉ်း​၌​လည်းကောင်း​၊ သူ​တို့​၏​ယာဘက်​လက်မ​နှင့်​ယာဘက်​ခြေမ​၌​လည်းကောင်း သုတ်လိမ်း​ပေး​ရ​မည်​။ ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌​လည်း သွေး​ကို​ဖျန်း​ရ​မည်​။


ယဇ်ပုရောဟိတ်​သည် ဘယ်​ဘက်​လက်ဖဝါး​ထဲ​ရှိ​ဆီ​အချို့​ကို မိမိ​၏​ယာဘက်​လက်ချောင်း​ဖြင့် ထာဝရဘုရား​ရှေ့​တော်​၌ ခုနစ်​ကြိမ်​ဖျန်း​ရ​မည်​။


ယဇ်ပုရောဟိတ်​သည် မိမိ​လက်ဖဝါး​ထဲမှ ကျန်​သော​ဆီ​ကို စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​အတွက် ထာဝရဘုရား​ရှေ့​တော်​၌ အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် သူ့​ခေါင်း​ပေါ်၌ လိမ်းပေး​ရ​မည်​။


သူ​သည် သိုးသငယ်​ကို ပူဇော်​ရန်​မ​တတ်နိုင်​လျှင် သူ​ကျူးလွန်​မိ​ခဲ့​သော​အပြစ်​အတွက် အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို ထာဝရဘုရား​ထံသို့ ယူဆောင်​လာ​ရ​မည်​။ တစ်​ကောင်​သည် အပြစ်ဖြေရာယဇ်​အတွက်​ဖြစ်ပြီး ကျန်​တစ်​ကောင်​သည် မီးရှို့ရာယဇ်​အတွက်​ဖြစ်​၏​။


မောရှေ​သည် သိုးထီး​ကို​သတ်​ပြီးလျှင် သွေး​အချို့​ကို​ယူ​၍ အာရုန်​၏​ယာဘက်​နားပျဉ်း​၌​လည်းကောင်း​၊ ယာဘက်​လက်မ​နှင့် ယာဘက်​ခြေမ​၌​လည်းကောင်း သုတ်လိမ်း​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ