Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 13:44 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

44 သူ​သည် အနာကြီးရောဂါစွဲ​နေ​ပြီ​ဖြစ်၍ မစင်ကြယ်​။ သူ​၏​ခေါင်း​ပေါ်၌ အနာ​ပေါက်​သောကြောင့် ယဇ်ပုရောဟိတ်​သည် သူ့​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု အတိအလင်း​ကြေညာ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

44 သူ​၏​ဦး​ခေါင်း​ပေါ်​၌​ဆိုး​ရွား​သော​အ​ရေ ပြား​ရော​ဂါ​စွဲ​သည်​ဖြစ်​သော​ကြောင့် မ​သန့် ရှင်း​သူ​ဟု​ဆုံး​ဖြတ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

44 နူ နာ စွဲ သူ ဖြစ် သည့် အ လျောက် မ သန့် သော ကြောင့် မ သန့် ဟု ဖော် ပြ ရ မည်။ ဦး ခေါင်း ၌ အ မှတ် လ က္ခ ဏာ ရှိ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

44 ထို​သူ​သည်​မ​စင်​ကြယ်။ လူ​နူ​ဖြစ်၏။ ခေါင်း၌​အ​နာ​ပေါက်​သော​ကြောင့်၊ အ​လျှင်း​မ​စင်​ကြယ်​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 13:44
7 ပူးပေါင်းရင်းမြစ်များ  

အသက်​ငယ်ရွယ်​စဉ်​မှာပင် မိစ္ဆာဒိဋ္ဌိ​ကျင့်ထုံး​ဆိုင်ရာ​ယောက်ျား​ပြည့်တန်ဆာ​တို့​အလယ်​တွင် အသက်​သေဆုံး​သွား​ရ​တတ်​၏​။


သင်​တို့​သည် အဘယ်ကြောင့် ထပ်၍​အရိုက်​ခံ​လို​သေး​သနည်း​။ အဘယ်ကြောင့် ထပ်၍​ပုန်ကန်​ကြ​သနည်း​။ ဦးခေါင်း​တစ်ခုလုံး အနာ​ဖြစ်​ပြီ​။ စိတ်နှလုံး​လည်း ညှိုးနွမ်း​ကုန်​ပြီ​။


ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​၍ ပြောင်​သော​ခေါင်း​၌​ဖြစ်စေ​၊ ပြောင်​သော​နဖူး​၌​ဖြစ်စေ အနာ​၏​အဖုအပိမ့်​သည် ကိုယ်ခန္ဓာ​အရေပြား​၌​ဖြစ်​သော​အနာကြီးရောဂါ​၏​လက္ခဏာ​ကဲ့သို့ နီကြင်ကြင်​ဖြစ်​နေ​လျှင်


အနာကြီးရောဂါစွဲ​နေ​သော​သူ​သည် အဝတ်​စုတ်​ကို​သာ ဝတ်​ရ​မည်​။ ဆံပင်​ကို ဖားလျားချ​ထား​ရ​မည်​။ နှုတ်ခမ်း​ကို ဖုံး​၍ ‘မစင်ကြယ် မစင်ကြယ်’​ဟု အော်​ရ​မည်​။


သို့သော် သင်​၏​မျက်စိ​မကောင်း​လျှင် သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​မှောင်မိုက်​နေ​လိမ့်မည်။ သို့ဖြစ်၍ သင်​၌​ရှိ​သော​အလင်း​သည် အမှောင်​ဖြစ်​လျှင် ထို​အမှောင်​သည် မည်မျှလောက် မှောင်​လိမ့်မည်​နည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ