လုကာ 23:20 - မြန်မာ့စံမီသမ္မာကျမ်း20 ပိလတ်မင်းသည် ယေရှုကိုလွှတ်လို၍ လူတို့အား နောက်တစ်ဖန်မိန့်ကြားလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible20 ပိလတ်မင်းသည်သခင်ယေရှုအားလွတ်ငြိမ်း ချမ်းသာခွင့်ပေးလို၍လူတို့အားတစ်ဖန် တင်ပြ၏။- အခန်းကိုကြည့်ပါ။Garrad Bible20 တစ် ဖန် ပိ လတ် မင်း သည် ယေ ရှု ကို လွှတ် လို၍ ဖျောင်း ဖျ သော် လည်း၊ အခန်းကိုကြည့်ပါ။Judson Bible20 ပိလတ်မင်းသည် ယေရှုကို လွှတ်ချင်သောကြောင့် သူတို့အား တစ်ဖန်ပြောဆိုလေ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း20 ပိလတ်မင်းသည် ယေရှုကိုလွှတ်လိုသဖြင့် လူထုအားထပ်မံ၍ ပြောဆိုလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ20 ပိလတ်မင်းသည် ယေရှုကို လွှတ်ချင်သောကြောင့် သူတို့အား တစ်ဖန်ပြောဆိုလေ၏။- အခန်းကိုကြည့်ပါ။ |
ထိုအခါမှစ၍ ပိလတ်မင်းသည် ယေရှုကိုလွှတ်ပေးရန် ကြိုးစားရှာကြံ၏။ သို့ရာတွင် ဂျူးလူမျိုးတို့က “အရှင်သည် ထိုသူကိုလွှတ်ပေးလျှင် ဆီဇာဧကရာဇ်၏ဘက်တော်သားမဟုတ်ပါ။ မိမိကိုယ်ကိုဘုရင်ဖြစ်သည်ဟု ကြေညာသောသူအားလုံးသည် ဆီဇာဧကရာဇ်ကိုဆန့်ကျင်ပြောဆိုသောသူဖြစ်ပါသည်”ဟု အော်ဟစ်ကြ၏။