လုကာ 21:18 - မြန်မာ့စံမီသမ္မာကျမ်း18 သို့သော် သင်တို့ဦးခေါင်းမှ ဆံပင်တစ်ပင်မျှမပျက်စီးရ။ အခန်းကိုကြည့်ပါ။Common Language Bible18 သို့ရာတွင်သင်တို့ဦးခေါင်းကဆံပင်တစ်ပင် မျှပျက်စီးရလိမ့်မည်မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible18 သင် တို့ ဦး ဆံ တစ် ပင် မျှ မ ကျွတ် ရ။ အခန်းကိုကြည့်ပါ။Judson Bible18 သို့သော်လည်း သင်တို့ ဆံခြည်တစ်ပင်မျှ မပျက်စီးရ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း18 သို့သော်လည်း သင်တို့ဦးခေါင်းမှ ဆံခြည်တစ်မျှင်မျှ ပျက်စီးလိမ့်မည်မဟုတ်။ အခန်းကိုကြည့်ပါ။မြန်မာ18 သို့သော်လည်း သင်တို့ ဆံခြည်တစ်ပင်မျှ မပျက်စီးရ။- အခန်းကိုကြည့်ပါ။ |
သို့သော် စစ်သည်တို့က ရှောလုမင်းကြီးအား “အစ္စရေးလူမျိုးတို့ကို အကြီးအကျယ်ကယ်တင်ပေးခဲ့သောယောနသန်သည် သေရမည်လော။ ဤအဖြစ်နှင့်ဝေးပါစေ၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ သူ့ဦးခေါင်းမှ ဆံချည်တစ်ပင်မျှ မြေပေါ်သို့ မကျစေရ။ ယနေ့ပင် သူသည် ဘုရားသခင်နှင့်အတူ စစ်တိုက်လေပြီ”ဟု ဆိုကြ၏။ ဤသို့ ယောနသန်ကိုစစ်သည်တို့ကယ်တင်သောကြောင့် ယောနသန်သည် သေဒဏ်မခံရတော့ပေ။
ထိုအမျိုးသမီးက “အရှင်မင်းကြီး၊ သွေးကြွေးတောင်းသောသူတို့သည် လူ့အသက်ကို ထပ်၍မသတ်ကြစေရန်၊ အကျွန်ုပ်၏သားကိုမဖျက်ဆီးကြစေရန် အရှင်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားကို အောက်မေ့တော်မူပါ”ဟု လျှောက်ပြန်လျှင် ရှင်ဘုရင်က “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်သား၏ဆံချည်တစ်မျှင်မျှ မြေပေါ်မကျစေရ”ဟု ပြန်မိန့်ဆို၏။