Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 14:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 အစေအပါး​သည် ပြန်လာ​၍ ထို​အကြောင်းအရာ​များ​ကို မိမိ​သခင်​အား​ကြားလျှောက်​လေ​၏။ ထိုအခါ အိမ်ရှင်​သည် အမျက်ထွက်​၍ မိမိ​အစေအပါး​အား ‘မြို့​ထဲ​ရှိ လမ်းမ၊ လမ်းကြား​များ​ထဲသို့ အမြန်​သွား​၍ ဆင်းရဲသား​များ၊ အင်္ဂါ​ချို့တဲ့​သူ​များ၊ ခြေ​မသန်စွမ်း​သူ​များ​နှင့် မျက်မမြင်​များ​ကို ဤ​နေရာ​သို့​ခေါ်​ခဲ့​လော့’​ဟု ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 အ​စေ​ခံ​သည်​မိ​မိ​၏​အ​ရှင်​ထံ​သို့​ပြန်​လာ​၍ ထို​အ​ကြောင်း​များ​ကို​လျှောက်​လေ​၏။ ထို​အ​ခါ အိမ်​ရှင်​အ​မျက်​ထွက်​၍ `လမ်း​မ​လမ်း​ကြား​သို့ အ​မြန်​သွား​၍​ဆင်း​ရဲ​သူ၊ အင်္ဂါ​ချို့​တဲ့​သူ၊ ခြေ မ​စွမ်း​သူ၊ မျက်​မ​မြင်​သူ​များ​ကို​ခေါ်​ခဲ့​လော့' ဟု​အ​စေ​ခံ​အား​စေ​ခိုင်း​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ထို စ ကား များ ကို ကျွန် ပြန် ရောက်၍ လျှောက် ထား သည့် ကာ လ ပွဲ ရှင် သည် အ မျက် ထွက်၍ ကျွန် အား မြို့ တွင်း ရှိ လမ်း မ လမ်း မြှောင် များ သို့ အ မြန် သွား ပြီ လျှင် ဆင်း ရဲ သူ၊ အင်္ဂါ ပျက် သူ၊ မျက် မ မြင် သူ၊ ခြေ ဆွံ့ သူ တို့ ကို ဆောင် ခဲ့ ဟု ဆို သည့် အ တိုင်း ကျွန် က အ ရှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 အ​စေ​အ​ပါ​သည် သ​ခင့်​ထံ​သို့​ပြန်​လာ၍ ထို​အ​ကြောင်း​များ​ကို လျှောက်​လေ၏။ ထို​အ​ခါ အိမ်​ရှင်​သည် အ​မျက်​ထွက်၍၊ မြို့​လမ်း​မ​လမ်း​ကြား​သို့ အ​သော့​သွား​ချေ။ ဆင်း​ရဲ​သော​သူ၊ အင်္ဂါ​ချို့​တဲ့​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ၊ မျက်​စိ​ကန်း​သော​သူ​များ​ကို ခေါ်​သွင်း​ချေ​ဟု အ​စေ​အ​ပါ​ကို ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 အစေအပါး​သည်လည်း ပြန်လာ​၍ ထို​အကြောင်းအရာများ​ကို သခင်​ဖြစ်သူ​ထံ တင်ပြလေ၏။ ထိုအခါ သခင်​သည် အမျက်ထွက်​၍ ထို​အစေအပါး​အား ‘မြို့ထဲ​လမ်းမ၊ လမ်းသွယ်၊ လမ်းကြား​သို့ ချက်ချင်း​သွား​၍ ဆင်းရဲသားများ၊ မသန်စွမ်းသူများ၊ မျက်စိမမြင်သူများ​နှင့် ခြေမသန်သူများ​ကို ခေါ်လော့’ ဟု စေခိုင်းပြန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

21 အ​စေ​အ​ပါ​သည် သ​ခင့်​ထံ​သို့​ပြန်​လာ၍ ထို​အ​ကြောင်း​များ​ကို လျှောက်​လေ၏။ ထို​အ​ခါ အိမ်​ရှင်​သည် အ​မျက်​ထွက်၍၊ မြို့​လမ်း​မ​လမ်း​ကြား​သို့ အ​သော့​သွား​ချေ။ ဆင်း​ရဲ​သော​သူ၊ အင်္ဂါ​ချို့​တဲ့​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ၊ မျက်​စိ​ကန်း​သော​သူ​များ​ကို ခေါ်​သွင်း​ချေ​ဟု အ​စေ​အ​ပါ​ကို ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 14:21
38 ပူးပေါင်းရင်းမြစ်များ  

သား​တော်​ကို​နမ်း​ကြ​လော့​။ သို့မဟုတ်လျှင် အမျက်​တော်​ထွက်​သဖြင့် သင်​တို့​သည် လမ်း​၌​ပျက်စီး​ကြ​ရ​လိမ့်မည်​။ အကြောင်းမူကား ကိုယ်တော်​၏​အမျက်​တော်​မီး​သည် တစ်ခဏချင်း​တွင်​တောက်လောင်​လိမ့်မည်​။ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​အပေါင်း​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။


အကြောင်းမူကား အကျွန်ုပ်​၏​ခါး​တစ်ဝိုက်လုံး​သည် ပူလောင်​နာကျင်​၍ အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​၌ အနာတရကင်း​သော​နေရာ​မ​ရှိ​ပါ​။


သင်​၏​ကြိုး​တို့​သည် လျော့​၍ ရွက်တိုင်​ကို မြဲမြံ​စွာ​မ​ဆွဲ​ထား​နိုင်​၊ ရွက်​ကို​လည်း မ​ဖြန့်​နိုင်​။ ထိုအခါ သင်​တိုက်ခိုက်လုယူ​ထား​သည့် ဥစ္စာပစ္စည်း​များစွာ​တို့​ကို ခွဲဝေ​ယူ​ကြ​လိမ့်မည်​။ ခြေမသန်သူ​တို့​ပင် တိုက်ရာပါပစ္စည်း​ကို သိမ်းယူ​နိုင်​ကြ​လိမ့်မည်​။


ခြေမသန်သူ​တို့​သည် သမင်​ကဲ့သို့​ခုန်ပေါက်​ကြ​လိမ့်မည်​။ ဆွံ့အ​သော​လျှာ​သည် ရွှင်လန်း​စွာ​သီချင်းဆို​လိမ့်မည်​။ တောကန္တာရ​၌​ရေ​ပန်းထွက်​၍ သဲကန္တာရ​၌​စမ်းချောင်း​စီး​လိမ့်မည်​။


ဂျေရုဆလင်​မြို့​ရှိ​လမ်း​များ​ပေါ်၌ ခေါက်တုံ့ခေါက်ပြန်​သွားလာ​လျက် ကြည့်ရှု​လော့​။ ဆင်ခြင်သုံးသပ်​လော့​။ ထို​မြို့​၏​လမ်းဆုံလမ်းခွ​များ​၌ ရှာဖွေ​လော့​။ တရားမျှတ​စွာ​ပြု​သော​သူ​၊ သစ္စာတရား​ကို​ရှာဖွေ​သော​သူ​တစ်ဦးတစ်ယောက်​တွေ့​လျှင်ပင် ထို​မြို့​ကို ငါ​ခွင့်လွှတ်​မည်​။


ထို​နေ့​တွင်​ပင် ပဋိညာဉ်​သည် ကျိုးပျက်​သွား​၏​။ ဤ​အရာ​သည် ထာဝရဘုရား​၏​စကား​တော်​ဖြစ်ကြောင်း အဖိနှိပ်​ခံရ​၍ ငါ့​ကို​စောင့်စား​နေ​သော​သိုးအုပ်​များ သိ​ကြ​၏​။


ထို့ကြောင့် အသတ်​ခံရ​တော့မည့်​သိုးအုပ်​၊ အဖိနှိပ်​ခံရ​သော​သိုးအုပ်​တို့​ကို ငါ​ထိန်းကျောင်း​၏​။ ငါ​သည် ကျေးဇူး​တော်​တောင်ဝှေး​နှင့် စည်းလုံး​ခြင်း​တောင်ဝှေး​ဟု​ခေါ်​သော တောင်ဝှေး​နှစ်​ချောင်း​ကို​ယူ​၍ သိုးအုပ်​ကို ထိန်းကျောင်း​၏​။


ဝန်လေး​၍​ပင်ပန်း​သော​သူ​အပေါင်း​တို့၊ ငါ့​ထံသို့​လာ​ကြ​လော့။ ငါ​သည် သင်​တို့​အား​ငြိမ်သက်​ချမ်းသာ​မှု​ကို​ပေး​မည်။


မျက်မမြင်​တို့​သည် မျက်စိ​မြင်​ရ​ကြ​၏။ ခြေ​မသန်စွမ်း​သူ​တို့​သည် လမ်းလျှောက်​နိုင်​ကြ​၏။ အနာကြီး​ရောဂါသည်​တို့​သည် စင်ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ နားမကြား​သော​သူ​တို့​သည် ကြား​ရ​ကြ​၏။ သေ​သော​သူ​တို့​သည် ထမြောက်​စေ​ခြင်း​ကို​ခံ​ရ​ကြ​၏။ ဆင်းရဲသား​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို ကြား​ရ​ကြ​၏။


ထိုအခါ တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​လျက် “ဖာရိရှဲ​တို့​သည် မိန့်​တော်မူ​သော​စကား​တို့​ကို​ကြား​၍ ဘဝင်မကျ​ဖြစ်​ကြ​သည်​ကို ကိုယ်တော်​သိ​တော်မူ​ပါ​သလော”​ဟု လျှောက်​ကြ​၏။


အခြား​သော​အစေအပါး​ချင်း​များ​သည် ထို​အဖြစ်အပျက်​ကို​မြင်​လျှင် အလွန်​စိတ်မကောင်း​ဖြစ်​ကာ သူ​တို့​၏​သခင်​ထံသို့​သွား​၍ ဖြစ်​လေ​သမျှ​တို့​ကို လျှောက်​ထား​ကြ​၏။


ထို​သူ​တို့​က​လည်း ‘မည်သူမျှ အကျွန်ုပ်​တို့​ကို မ​ငှား​သောကြောင့်​ဖြစ်​ပါ​သည်’​ဟု ဖြေ​ကြ​လျှင် ခြံ​ပိုင်ရှင်​က ‘သင်​တို့​သည်​လည်း စပျစ်ခြံ​သို့​သွား​ကြ​လော့’​ဟု ဆို​လေ​၏။


သို့သော် ဧည့်ခံပွဲ​ကျင်းပ​သောအခါ ဆင်းရဲသား​များ၊ အင်္ဂါ​ချို့တဲ့​သူ​များ၊ ခြေ​မသန်စွမ်း​သူ​များ​နှင့် မျက်မမြင်​များ​ကို ဖိတ်ခေါ်​လော့။


နောက်​တစ်​ဦး​က​လည်း ‘အကျွန်ုပ်​သည် မိန်းမ​နှင့်​ထိမ်းမြား​စုံဖက်​ပြီ​ဖြစ်၍ မ​လာ​နိုင်​ပါ’​ဟု ဆို​၏။


ထို့နောက် အစေအပါး​က ‘သခင်၊ သခင်​စေခိုင်း​သည့်​အတိုင်း​ဆောင်ရွက်​ပြီး​ပါ​ပြီ။ သို့သော် နေရာ​ရှိ​ပါ​သေး​၏’​ဟု လျှောက်​လေ​၏။


သင်​တို့​အား ငါ​ဆို​သည်​ကား ယခင်​ဖိတ်ခေါ်​ထား​သူ​တို့​ထဲမှ မည်သူ​မျှ ငါ​၏​ညစာ​စားပွဲ​ကို​မြည်းစမ်း​ရ​မည်​မ​ဟုတ်’​ဟု အစေအပါး​အား ဆို​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။


ထို့နောက် သူ​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​နှင့်ဆိုင်သော​နောင်တ​တရား​ကို ဂျေရုဆလင်​မြို့​မှ​အစပြု​၍ လူမျိုး​တကာ​တို့​အား ဟောပြော​ရ​မည်​ဟူ၍​ဖြစ်​၏။


တမန်တော်​တို့​သည် ပြန်လာ​၍ သူ​တို့​ပြု​ခဲ့​သမျှ​တို့​ကို ကိုယ်တော်​အား ကြားလျှောက်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​ကို​သာ​ခေါ်​၍ ဗက်ဇဲဒ​ဟု​ခေါ်​သော​မြို့​သို့ ကြွ​တော်မူ​၏။


ထိုအခါ ယေရှု​က“ငါ​သည် မ​မြင်​သော​သူ​တို့​ကို​မြင်​စေ​၍ မြင်​နေ​သော​သူ​တို့​ကို မျက်စိကွယ်​စေရန်​ဟူသော တရား​စီရင်​ခြင်း​အတွက် ဤ​လောက​သို့​ကြွလာ​၏”​ဟု မိန့်​တော်မူ​၏။


သင်​တို့​၏​ခေါင်းဆောင်​များ​သည် ဖြေရှင်းချက်​ပေး​ရ​မည့်​သူ​အဖြစ် သင်​တို့​၏​စိတ်ဝိညာဉ်​အတွက် နိုးနိုးကြားကြား​ရှိ​နေ​ကြ​သည်​ဖြစ်၍ သူ​တို့​သည် ညည်းတွား​ခြင်း​မ​ရှိ​ဘဲ ဝမ်းမြောက်​စွာ​ဖြင့် ထို​အမှု​ကို​ဆောင်ရွက်​နိုင်​ရန် သူ​တို့​စကား​ကို​နားထောင်​လျက် ကျိုးနွံ​နာခံ​ကြ​လော့။ သို့မဟုတ်​လျှင် သင်​တို့​အတွက် အကျိုး​ရှိ​လိမ့်မည်​မ​ဟုတ်။


ဤမျှလောက်​ကြီးမြတ်​သော​ကယ်တင်​ခြင်း​ကို လျစ်လျူ​ရှု​ပါက ငါ​တို့​သည် အပြစ်ဒဏ်​မှ မည်သို့​လွတ်​နိုင်​ကြ​မည်နည်း။ သခင်​ဘုရား​က ပထမ​ဦးစွာ ဟောပြော​တော်မူ​သော ဤ​ကယ်တင်​ခြင်း​တရား​သည် ကြားနာ​သော​သူ​တို့​မှတစ်ဆင့် ငါ​တို့​ထံ၌ အတည်ပြု​ခြင်း​ခံရ​၏။


ငါ​ချစ်​သော​ညီအစ်ကို​တို့၊ နားထောင်​ကြ​လော့။ ဘုရားသခင်​သည် ဤ​လောက​တွင် ဆင်းရဲ​သော​သူ​တို့​ကို ယုံကြည်​ခြင်း​၌​ကြွယ်ဝ​သော​သူ​အဖြစ်​လည်းကောင်း၊ ကိုယ်တော်​ကို​ချစ်​သော​သူ​တို့​အား ကတိ​ထား​တော်မူ​သော​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​သူ​အဖြစ်​လည်းကောင်း ရွေးကောက်​တော်မူ​သည်​မ​ဟုတ်​လော။


လူမျိုး​တကာ​တို့​ကို​ဒဏ်ခတ်​ရန် ထက်​သော​သန်လျက်​သည် သူ​၏​ခံတွင်း​ထဲမှ​ထွက်​နေ​၏။ သူ​သည် ထို​သူ​တို့​ကို သံ​လှံတံ​ဖြင့်​အုပ်ထိန်း​လိမ့်မည်။ သူ​သည် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ဘုရားသခင်​၏​အမျက်​တော်​ဆိုင်ရာ ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​၏​စပျစ်သီး​နယ်ရာ​ကျင်း​ကို နင်းနယ်​လိမ့်မည်။


ဝိညာဉ်​တော်​နှင့်​သတို့သမီး​တို့​က “ကြွလာ​တော်မူ​ပါ”​ဟု ဆို​ကြ​၏။ ကြားနာ​သော​သူ​က​လည်း “ကြွလာ​တော်မူ​ပါ”​ဟု ဆို​ပါစေ။ ရေငတ်​သော​သူ​သည် လာ​ပါစေ။ အလိုရှိ​သော​သူ​သည် အသက်​ရေ​ကို အခမဲ့​ယူ​ပါစေ။


ဆင်းရဲသား​ကို မြေမှုန့်​ထဲမှ ဆွဲထူ​၍ နွမ်းပါး​သူ​ကို ပြာပုံ​ထဲမှ​ချီမ​တော်မူ​ပြီး မင်းသား​တို့​နှင့်အတူ​ထိုင်​စေ​တော်မူ​၏​။ ဘုန်းကြီး​သော​ပလ္လင်​ကို အမွေဆက်ခံ​စေ​တော်မူ​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​၏​အုတ်မြစ်​ကို ပိုင်​တော်မူ​၍ ကမ္ဘာလောက​ကို ထို​အုတ်မြစ်​ပေါ်တွင် ချထား​တော်မူ​၏​။


ထို့ကြောင့် ဒါဝိဒ်​၏​ငယ်သား​တို့​သည် လာ​ရာ​လမ်း​သို့ လှည့်​၍ ပြန်လာ​ကြ​၏​။ သူ​တို့ ပြန်ရောက်​သောအခါ ဒါဝိဒ်​အား ထို​စကား​အားလုံး​ကို ပြန်​ပြောပြ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ