Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 16:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 အကြောင်းမူကား သင်​တို့​သည် ငါ့​ကို​ချစ်​၍ ငါ​သည် ဘုရားသခင်​ထံမှ​ကြွလာ​သည်​ကို ယုံကြည်​ကြ​သောကြောင့် ခမည်းတော်​ကိုယ်တော်​တိုင် သင်​တို့​ကို​ချစ်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 အ​ဘယ်​ကြောင့်​ဆို​သော်​ခ​မည်း​တော်​ကိုယ်​တိုင် ပင် သင်​တို့​အား​ချစ်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ သင်​တို့​သည်​ငါ့​ကို​ချစ်​၍ ငါ​သည်​ဘု​ရား​သ​ခင် ထံ​တော်​မှ​လာ​ကြောင်း​ကို​လည်း​ယုံ​ကြည်​သ​ဖြင့် ခ​မည်း​တော်​သည်​သင်​တို့​အား​ချစ်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 သင်တို့သည်ငါ့ကိုချစ်၍ ခမည်းတော်ထံမှငါထွက်လာကြောင်းကိုယုံကြသောကြောင့် ခမည်းတော်ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 အ​ကြောင်း​မူ​ကား၊ သင်​တို့​သည်​ငါ့​ကို​ချစ်​ကြ၍၊ ငါ​သည် ဘု​ရား​သ​ခင်​အ​ထံ​တော်​မှ ကြွ​လာ​သည်​ကို ယုံ​ကြည်​သော​ကြောင့် ခ​မည်း​တော်​သည် ကိုယ်​တော်​တိုင် သင်​တို့​ကို​ချစ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 သင်တို့​သည် ငါ့​ကို ချစ်​၍ ငါ​သည် ဘုရားသခင်​ထံမှ လာကြောင်း​ကို ယုံကြည်ကြ​သောကြောင့် ခမည်းတော်​ကိုယ်တိုင် သင်တို့​ကို ချစ်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

27 အ​ကြောင်း​မူ​ကား၊ သင်​တို့​သည်​ငါ့​ကို​ချစ်​ကြ၍၊ ငါ​သည် ဘု​ရား​သ​ခင်​အ​ထံ​တော်​မှ ကြွ​လာ​သည်​ကို ယုံ​ကြည်​သော​ကြောင့် ခ​မည်း​တော်​သည် ကိုယ်​တော်​တိုင် သင်​တို့​ကို​ချစ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 16:27
26 ပူးပေါင်းရင်းမြစ်များ  

သင်​၏​ဘုရားသခင် ထာဝရဘုရား​သည် သင့်​အလယ်​တွင်​ရှိ​၍ အားကြီး​သော​အရှင်​သည် သင့်​ကို ကယ်တင်​လိမ့်မည်​။ ကိုယ်တော်​သည် သင်​နှင့်အတူ ဝမ်းမြောက်​ရွှင်လန်း​လိမ့်မည်​။ ချစ်​သော​စိတ်​ဖြင့် ငြိမ်ဝပ်​စွာ​နေ​လိမ့်မည်​။ သင်​နှင့်အတူ ရွှင်လန်း​စွာ​သီချင်းဆို​လိမ့်မည်”​ဟု ဆို​လိမ့်မည်​။


ငါ့​ထက် ဖခင်​ကို​ဖြစ်စေ၊ မိခင်​ကို​ဖြစ်စေ ပို၍​ချစ်​သော​သူ​သည် ငါ​နှင့်​မ​ထိုက်တန်။ ငါ့​ထက် သား​ကို​ဖြစ်စေ၊ သမီး​ကို​ဖြစ်စေ ပို၍​ချစ်​သော​သူ​သည်​လည်း ငါ​နှင့်​မ​ထိုက်တန်။


ငါ​၏​ပညတ်​ချက်​များ​ကို​ရရှိ​၍ ၎င်း​တို့​ကို​စောင့်ထိန်း​သော​သူ​သည် ငါ့​ကို​ချစ်​သော​သူ​ဖြစ်​၏။ ငါ့​ကို​ချစ်​သော​သူ​အား ငါ့​ခမည်းတော်​သည် ချစ်​တော်မူ​မည်။ ငါ​သည်​လည်း ထို​သူ​ကို​ချစ်​၍ သူ့​ထံ၌ မိမိကိုယ်ကို​ထင်ရှား​စေ​မည်”​ဟု မိန့်​တော်မူ​၏။


ယေရှု​က​လည်း“မည်သူမဆို ငါ့​ကို​ချစ်​လျှင် ငါ့​စကား​ကို လိုက်နာ​စောင့်ထိန်း​လိမ့်မည်။ ငါ့​ခမည်းတော်​သည်​လည်း ထို​သူ​ကို​ချစ်​တော်မူ​သဖြင့် ငါ​တို့​သည် သူ့​ထံသို့​လာ​၍ သူ​နှင့်အတူ​နေထိုင်​မည်။


ကိုယ်တော်​သည် အလုံးစုံ​တို့​ကို သိမြင်​တော်မူ​၍ မည်သူမျှ ကိုယ်တော်​ကို မေးလျှောက်​စရာ​မ​လို​ကြောင်း ယခု အကျွန်ုပ်​တို့​သိ​ကြ​ပါ​ပြီ။ ဤ​အကြောင်း​ကို​ထောက်၍ ကိုယ်တော်​သည် ဘုရားသခင်​ထံမှ​ကြွလာ​တော်မူ​သည်​ကို အကျွန်ုပ်​တို့​ယုံကြည်​ကြ​ပါ​၏”​ဟု လျှောက်​ကြ​၏။


အကျွန်ုပ်​သည် သူ​တို့​၌​ရှိ​၍ ကိုယ်တော်​သည် အကျွန်ုပ်​၌​ရှိ​ပါ​၏။ ဤသည်ကား သူ​တို့​ကို တစ်လုံးတစ်ဝတည်း​၌​ပြီးပြည့်စုံ​စေရန်​ဖြစ်​ပြီး ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း​နှင့် အကျွန်ုပ်​ကို ကိုယ်တော်​ချစ်​သကဲ့သို့ သူ​တို့​ကို​လည်း ချစ်​တော်မူ​ကြောင်း​ကို လောကီသား​တို့​သိ​ကြ​စေရန်​ဖြစ်​ပါ​၏။


ယေရှု​သည် ဤ​ပထမ​နိမိတ်​လက္ခဏာ​ကို ဂါလိလဲ​နယ်၊ ကာန​မြို့​၌​ပြု​လျက် မိမိ​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။


ကောင်းကင်​မှ​ဆင်းသက်​သော​လူ့သား​မှတစ်ပါး ကောင်းကင်​သို့​တက်​သွား​ခဲ့​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ။


ငါ​မူကား သိ​၏။ အကြောင်းမူကား ငါ​သည် ထို​အရှင်​ထံမှ​လာ​၍ ထို​အရှင်​သည် ငါ့​ကို​စေလွှတ်​တော်မူ​၏”​ဟု ကြွေးကြော်​တော်မူ​၏။


ယေရှု​က“ငါ​သည် ဘုရားသခင်​ထံမှ​ကြွလာ​ပြီး ယခု​ရောက်​ရှိ​နေ​ပြီ​ဖြစ်၍ ဘုရားသခင်​သည် သင်​တို့​၏​အဖ​ဖြစ်​လျှင် သင်​တို့​သည် ငါ့​ကို​ချစ်​ခဲ့​ကြ​ပေ​လိမ့်မည်။ အကြောင်းမူကား ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက်​လာ​သည်​မ​ဟုတ်။ ဘုရားသခင်​သည် ငါ့​ကို​စေလွှတ်​တော်မူ​၏။


ဘုရားသခင်​သည် မိမိ​၏​သား​တော်​ကို အပြစ်​နှင့်​ပြည့်ဝ​သည့် သွေးသား​ဇာတိ​နှင့်​တူညီ​သော​သဏ္ဌာန်​၌ အပြစ်​အတွက်​စေလွှတ်​တော်မူ​၍ သွေးသား​ဇာတိ​၌​ရှိ​သော​အပြစ်​ကို ဒဏ်ခတ်​တော်မူ​ပြီး သွေးသား​ဇာတိ​ကြောင့် အားနည်း​၍ ပညတ်​တရား​မ​ဆောင်ရွက်​နိုင်​သော​အမှု​ကို ဆောင်ရွက်​ပေး​တော်မူ​၏။


ပထမ​လူ​သည် မြေကြီး​မှ​ဖြစ်၍ မြေမှုန့်​နှင့်ဆိုင်​၏။ ဒုတိယ​လူ​သည် ကောင်းကင်​မှ​ဖြစ်​၏။


မည်သူမဆို သခင်​ဘုရား​ကို​မ​ချစ်​လျှင် ကျိန်​ခြင်း​ကို​ခံ​ပါစေ။ သခင်​ဘုရား၊ ကြွလာ​တော်မူ​ပါ။


အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​ကို​လွှမ်းမိုး​လျက်​ရှိ​၏။ ငါ​တို့​သည် ဤသို့​ယူဆ​ကြ​၏။ တစ်​ယောက်​သော​သူ​သည် လူ​အပေါင်း​တို့​အတွက် အသေခံ​သည်​ဖြစ်၍ လူ​အပေါင်း​တို့​သည် သေဆုံး​ခဲ့​ကြ​ပြီ။


သို့သော် အချိန်​ကာလ​ပြည့်စုံ​ခြင်း​သို့​ရောက်​သောအခါ ဘုရားသခင်​သည် မိမိ​၏​သား​တော်​ကို​စေလွှတ်​တော်မူ​၍ ထို​သား​တော်​သည် မိန်းမ​တစ်​ဦး​မှ​မွေးဖွား​လျက် ပညတ်​တရား​အောက်၌ ပေါ်ထွန်း​တော်မူ​၏။


ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကို မ​ဖောက်ပြန်​သော​မေတ္တာ​ဖြင့် ချစ်​သော​သူ​အပေါင်း​တို့​အပေါ်​၌ ကျေးဇူး​တော်​သက်ရောက်​ပါစေ​သော။


ခရစ်တော်​ယေရှု​သည် အပြစ်သား​တို့​ကို​ကယ်တင်​ရန် ဤ​လောက​သို့​ကြွလာ​တော်မူ​၏​ဟူသော​စကား​သည် သစ္စာ​စကား​ဖြစ်​ပြီး အပြည့်အဝ​လက်ခံ​ထိုက်​သော​စကား​ဖြစ်​၏။ ထို​အပြစ်သား​များ​ထဲတွင် ငါ​သည် အဆိုးဆုံး​ဖြစ်​၏။


အကြောင်းမူကား ထာဝရ​ဘုရား​သည် ချစ်​တော်မူ​သော​သူ​ကို ဆုံးမ​ပဲ့ပြင်​တတ်​၏။ လက်ခံ​တော်မူ​သမျှ​သော​သား​တို့​ကို ဒဏ်ခတ်​ရိုက်နှက်​တတ်​၏”​ဟု သား​ကို​မိန့်​တော်မူ​သကဲ့သို့ သင်​တို့​အား​မိန့်​တော်မူ​သော တိုက်တွန်း​အားပေး​စကား​ကို သင်​တို့​မေ့လျော့​ကြ​ပြီ။


သင်​တို့​သည် ထို​သခင်​ကို မ​မြင်​ဖူး​သော်လည်း ချစ်​ကြ​၏။ ထို​သခင်​ကို ယခု​မ​မြင်​သော်လည်း ယုံကြည်​ကြ​ပြီး ပြော​၍​မ​မီ​နိုင်​သော​ဝမ်းမြောက်​ခြင်း​ဖြင့် ရွှင်မြူး​လျက် ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။


ဘုရားသခင်​သည် ငါ​တို့​ကို​ဦးစွာ​ချစ်​တော်မူ​သောကြောင့် ငါ​တို့​သည်​လည်း​ချစ်​ကြ​၏။


ငါ​သည် ငါ​ချစ်​သမျှ​သော​သူ​တို့​၏​အပြစ်​ကို​ဖော်ပြ​၍ ဆုံးမ​ပဲ့ပြင်​တတ်​၏။ ထို့ကြောင့် စိတ်အားထက်သန်​ခြင်း​ရှိ​၍ နောင်တရ​လော့။


ကြည့်ရှု​လော့။ မိမိတို့ကိုယ်ကို ဂျူး​လူမျိုး​ဖြစ်​သည်​ဟု​ဆို​ကြ​သော်လည်း ဂျူး​လူမျိုး​မ​ဟုတ်​ဘဲ စာတန်​၏​အသင်းဝင်​များ​ဖြစ်​ကြ​သည့် လိမ်လည်​ပြောဆို​သော​သူ​တို့​ကို သင်​၏​ခြေရင်း​၌ လာ​၍​ရှိခိုး​စေ​ကာ ငါ​သည် သင်​တို့​ကို​ချစ်​ကြောင်း သူ​တို့​အား​သိ​စေ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ