Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 9:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထိုအခါ လူထု​ပရိသတ်​ထဲမှ​တစ်​ဦး​က “ဆရာ၊ ဆွံ့အ​သော​နတ်​ပူး​နေ​သည့် အကျွန်ုပ်​၏​သား​ကို ဆရာ့​ထံ​ခေါ်ဆောင်​လာ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ပ​ရိ​သတ်​ထဲ​မှ​လူ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​သည်​မိ​မိ​၏​သား​ငယ်​ကို​အ​ထံ​တော် သို့​ခေါ်​ခဲ့​ပါ​သည်။ သူ​သည်​ဆွံ့​အ​သည့်​နတ် ပူး​ဝင်​နေ​သူ​ဖြစ်​ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 လူ ပ ရိ သတ် ရှိ တစ် ယောက် သော သူ က ဆ ရာ နတ် အ ပူး သော သား ကို ဆ ရာ့ ထံ ကျွန် တော် ခေါ် လာ ပါ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 လူ​အ​စု​အ​ဝေး၌​ပါ​သော သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​သော​နတ်​အ​စွဲ​ခံ​ရ​သော အ​ကျွန်ုပ်၏​သား​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ပါ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 လူထု​ပရိသတ်​ထဲမှ တစ်ဦး​က “ဆရာတော်… အကျွန်ုပ်​၏​သား​ကို ဆရာတော်​ထံ ခေါ်ဆောင်လာပါ၏။ သူ​သည် ဆွံ့အသော​နတ် ပူးဝင်ခြင်း​ခံနေရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

17 လူ​အ​စု​အ​ဝေး၌​ပါ​သော သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​သော​နတ်​အ​စွဲ​ခံ​ရ​သော အ​ကျွန်ုပ်၏​သား​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ပါ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 9:17
12 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် လူ​တို့​သည် နတ်ဆိုး​ပူး​သည့် မျက်မမြင်​ဆွံ့အ​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​ခေါ်ဆောင်​ခဲ့​ကြ​ရာ ကိုယ်တော်​သည် ထို​သူ​ကို​ကျန်းမာ​စေ​တော်မူ​သဖြင့် ထို​ဆွံ့အ​သော​သူ​သည် စကား​ပြော​နိုင်​ပြီး မျက်စိ​လည်း​မြင်​လာ​၏။


“သခင်​ဘုရား၊ အကျွန်ုပ်​၏​သား​ကို​သနား​တော်မူ​ပါ။ အကြောင်းမှာ သူ​သည် ဝက်ရူးပြန်​ရောဂါ​စွဲ​၍ ဝေဒနာ​ပြင်းထန်​စွာ​ခံစား​နေ​ရ​ပါ​၏။ မီး​ထဲသို့​လည်းကောင်း၊ ရေ​ထဲသို့​လည်းကောင်း မကြာခဏ လဲကျ​တတ်​ပါ​၏။


ထို​သူ​တို့​ထွက်ခွာ​သွား​ကြ​စဉ် နတ်ဆိုး​ပူး​သည့် ဆွံ့အ​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။


ထိုအခါ ကိုယ်တော်​တို့ထိ​ပေး​တော်မူ​ရန် လူ​တို့​သည် ကလေး​သူငယ်​များ​ကို အထံတော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် တပည့်​တော်​တို့​သည် သူ​တို့​ကို​ဆူငေါက်​ကြ​၏။


“အကျွန်ုပ်​၏​သမီး​ငယ်​သည် သေ​လုနီးပါး​ဖြစ်​နေ​ပါ​၏။ သူ​သည် ရောဂါ​ပျောက်ကင်း​လျက် အသက်​ချမ်းသာ​ရာ​ရ​မည့်​အကြောင်း ကြွလာ​၍ သူ့​အပေါ် လက်​တော်​ကို​တင်​တော်မူ​ပါ”​ဟု အနူးအညွတ်​တောင်းပန်​လေ​၏။


နတ်ဆိုး​ကို မိမိ​သမီး​ထဲမှ နှင်ထုတ်​ပေး​ပါ​ရန် ကိုယ်တော်​အား တောင်းပန်​လေ​၏။ ထို​အမျိုးသမီး​သည် ဆီးရီးယားဖိုနီးရှား​နယ်သူ၊ ဂရိ​လူမျိုး​ဖြစ်​၏။


ကိုယ်တော်​က​လည်း တပည့်​တော်​တို့​အား“သင်​တို့​သည် ထို​သူ​တို့​နှင့် မည်သည့်​အကြောင်းအရာ​ကို ဆွေးနွေး​နေ​ကြ​သနည်း”​ဟု မေး​တော်မူ​၏။


နတ်​သည် သူ့​ကို​ဖမ်းစား​သည့်​အခါ​တိုင်း သူ့​ကို​လှဲချ​၍ သူ​သည် ပါးစပ်​မှ​အမြှုပ်​ထွက်​ပြီး အံသွား​ကြိတ်​ကာ မာတောင့်​လာ​တတ်​ပါ​၏။ သို့ဖြစ်၍ ကိုယ်တော်​၏​တပည့်​တော်​တို့​အား ထို​နတ်​ကို​နှင်ထုတ်​ပေး​ရန် တောင်းပန်​သော်လည်း သူ​တို့​သည်​မ​တတ်နိုင်​ကြ​ပါ”​ဟု လျှောက်​လေ​၏။


ယေရှု​သည် လူထု​ပရိသတ်​ပြေး​လာ​ကြ​သည်​ကို​မြင်​လျှင် ညစ်ညူး​သော​နတ်​ကို​ဆုံးမ​လျက်“ဆွံ့အ​၍ နားပင်း​သော​နတ်၊ သင့်​အား ငါ​အမိန့်​ပေး​၏။ သူ့​အထဲမှ​ထွက်သွား​လော့။ နောက်တစ်ဖန် သူ့​အထဲသို့​မ​ဝင်​နှင့်”​ဟု မိန့်​တော်မူ​၏။


တစ်ခါ​က ကိုယ်တော်​သည် ဆွံ့အ​သော​နတ်ဆိုး​ကို နှင်ထုတ်​တော်မူ​၏။ နတ်ဆိုး​ထွက်သွား​သောအခါ ဆွံ့အ​သော​သူ​သည် စကား​ပြော​သဖြင့် လူထု​ပရိသတ်​တို့​သည်​အံ့သြ​ကြ​၏။


ထိုအခါ လူထု​ပရိသတ်​ထဲမှ လူ​တစ်​ဦး​က “ဆရာ၊ အကျွန်ုပ်​၏​သား​ကို​ကြည့်ရှု​ပေး​ပါ​ရန် အကျွန်ုပ်​တောင်းပန်​ပါ​၏။ အကြောင်းမူကား သူ​သည် အကျွန်ုပ်​၏​တစ်ဦးတည်း​သော​သား​ဖြစ်​ပါ​၏။


ယုဒ​နယ်​မှ ဂါလိလဲ​နယ်​သို့ ယေရှု​ကြွလာ​တော်မူ​ကြောင်း​ကို ထို​မှူးမတ်​သည်​ကြား​သောအခါ သူ​၏​သား သေ​အံ့ဆဲဆဲ​ဖြစ်​သောကြောင့် ကိုယ်တော်​ထံသို့​သွား​ပြီးလျှင် ကြွလာ​၍ သား​၏​အနာရောဂါ​ကို ပျောက်ကင်း​စေ​တော်မူ​ပါ​ရန် တောင်းပန်​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ