Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 11:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 များစွာ​သော​လူ​တို့​သည်​လည်း မိမိ​တို့​၏​ဝတ်ရုံ​များ​ကို လမ်း​ပေါ်၌​ခင်း​ကြ​၏။ အချို့​တို့​မူကား ကွင်းပြင်​မှ​သစ်ခက်​သစ်ရွက်​များ​ကို​ခုတ်​လာ​၍ ခင်း​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ထို​နောက်​ကိုယ်​တော်​သည်​မြည်း​ကို​စီး​တော်​မူ​၏။ လူ​အ​များ​ပင်​မိ​မိ​တို့​၏​ဝတ်​လုံ​များ​ကို​လမ်း ပေါ်​မှာ​ဖြန့်​ခင်း​ကြ​၏။ အ​ချို့​သူ​များ​က​မူ​ကွင်း များ​မှ​ခုတ်​ယူ​ခဲ့​ကြ​သည့်​သစ်​ခက်​သစ်​ရွက်​များ ကို​လမ်း​မှာ​ဖြန့်​ခင်း​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ကိုယ် တော် စီး တော် မူ ရာ လူ အ များ တို့ သည် ခြုံ ထည် များ ကို လမ်း တစ် လျှောက် ခင်း လျက် အ ချို့ က တော ရှိ သစ် ရွက် များ ကို ခုတ် ယူ စီ ခင်း ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 လူ​များ​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို လမ်း၌ ခင်း​ကြ၏။ အ​ချို့​တို့​သည် သစ်​ကိုင်း​သစ်​ခက်​များ​ကို ခုတ်၍ လမ်း၌​ခင်း​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 လူတို့​က မိမိတို့​၏​အဝတ်များ​ကို လမ်း​ပေါ်တွင် ဖြန့်ခင်းကြ၏။ တချို့​က တော​မှ ခုတ်ယူခဲ့ကြသည့် သစ်ခက်သစ်ရွက်များ​ကို လမ်း​ပေါ်တွင် ဖြန့်ခင်းကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

8 လူ​များ​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို လမ်း၌ ခင်း​ကြ၏။ အ​ချို့​တို့​သည် သစ်​ကိုင်း​သစ်​ခက်​များ​ကို ခုတ်၍ လမ်း၌​ခင်း​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 11:8
5 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ သူ​တို့​သည် မိမိ​တို့​အဝတ်​ကို​ချက်ချင်း​ယူ​၍ ယေဟု​ဆင်းလာ​မည့်​လှေကားထစ်​များ​တွင် ဖြန့်ခင်း​ပေး​၏​။ ထို့နောက် တံပိုး​ကို​မှုတ်​ပြီး “​ယေဟု​သည် ရှင်ဘုရင် ဖြစ်​တော်မူ​၏​”​ဟု ကြွေးကြော်​ကြ​၏​။


သင်​တို့​သည် ပထမ​နေ့​၌ ကောင်း​သော​အပင်​၏​အသီး​၊ စွန်ပလွံခက်​များ​၊ အရွက်ဝေဆာ​သော​အပင်​၏​အကိုင်း​၊ ချောင်း​ဘေး​ရှိ​မိုးမခပင်​များ​ကို ယူ​၍ ခုနစ်​ရက်​ပတ်လုံး သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ရှေ့​တော်​၌ ဝမ်းမြောက်​ကြ​ရ​မည်​။


အလွန်​များပြား​သော​လူထု​ပရိသတ်​သည်​လည်း မိမိ​တို့​၏​ဝတ်ရုံ​များ​ကို လမ်း​ပေါ်၌​ခင်း​ကြ​၏။ အချို့​တို့​မူကား သစ်ပင်​တို့​မှ အကိုင်းအခက်​များ​ကို​ခုတ်​လာ​၍ လမ်း​ပေါ်၌​ခင်း​ကြ​၏။


ထို့နောက် မြည်း​ကလေး​ကို ယေရှု​ထံသို့​ခေါ်ဆောင်​လာ​ပြီးလျှင် ၎င်း​အပေါ်၌ သူ​တို့​၏​အဝတ်​များ​ကို​ခင်း​ကြ​ရာ ကိုယ်တော်​သည် ထို​မြည်း​ကို​စီး​တော်မူ​၏။


ရှေ့​မှ​သွား​သော​သူ​တို့​နှင့် နောက်​မှ​လိုက်​သော​သူ​တို့​က “ဟောရှဏ္ဏ၊ ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​စေ​သတည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ