ရောမ 14:11 - မြန်မာ့စံမီသမ္မာကျမ်း11 အကြောင်းမူကား “ထာဝရဘုရားမိန့်တော်မူသည်မှာ ငါသည် အသက်ရှင်သည်ဖြစ်၍ လူတိုင်း ငါ့ရှေ့၌ ဒူးထောက်လိမ့်မည်။ လူတိုင်း၏နှုတ်သည်လည်း ဘုရားသခင်ကိုချီးမွမ်းလိမ့်မည်”ဟု ကျမ်းစာ၌ရေးထား၏။ အခန်းကိုကြည့်ပါ။Common Language Bible11 ကျမ်းစာတော်တွင်၊ ``ဘုရားရှင်မိန့်တော်မူသည်ကား`ငါသည် အသက်ရှင်သောဘုရားဖြစ်တော်မူသည်အတိုင်း ငါ၏ရှေ့၌လူတိုင်းပျပ်ဝပ်ရလိမ့်မည်။ ငါသည်ဘုရားဖြစ်တော်မူကြောင်းလူတိုင်း ဝန်ခံရလိမ့်မည်' '' ဟူ၍ဆိုသည်။- အခန်းကိုကြည့်ပါ။Judson Bible11 ကျမ်းစာလာသည်ကား၊ ငါအသက်ရှင်တော်မူသည် ဖြစ်၍၊ ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်။ ဘုရားသခင်အား လူတိုင်းမိမိနှုတ်နှင့် သစ္စာခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း11 ကျမ်းစာ၌ “ထာဝရဘုရား မိန့်တော်မူသည်မှာ ‘ငါသည် အသက်ရှင်သောဘုရား ဖြစ်သည့်အတိုင်း လူတိုင်း ငါ့ရှေ့၌ ဒူးထောက်ရလိမ့်မည်။ လူတိုင်း ဘုရားသခင်ကို ချီးမွမ်းလိမ့်မည်’ ဟူ၍ ဖြစ်သည်” ဟု ဖော်ပြထား၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မောဘပြည်သည် သောဒုံမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် ဂေါမောရမြို့ကဲ့သို့ ဆူးတော၊ ဆားတွင်း၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်လိမ့်မည်။ ကြွင်းကျန်သော ငါ့လူမျိုးတော်တို့သည် သူတို့ကို တိုက်ခိုက်ကြလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော ငါ့လူမျိုးတော်တို့သည်လည်း ထိုပြည်တို့ကို ပိုင်ဆိုင်ရကြလိမ့်မည်”ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။