ရောမ 10:13 - မြန်မာ့စံမီသမ္မာကျမ်း13 “ထာဝရဘုရား၏နာမတော်ကိုပတ္ထနာပြုသောသူတိုင်း ကယ်တင်ခြင်းခံရမည်”ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible13 ကျမ်းစာတော်က ``ထာဝရဘုရားရှင်အား ဆုတောင်းသူဟူသမျှတို့သည် ကယ်တင်ခြင်း ကိုခံရကြလိမ့်မည်'' ဟုဖော်ပြသည့်အတိုင်း ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။Judson Bible13 အကြောင်းမူကား၊ ထာဝရဘုရားကို ပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း13 အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “ထာဝရဘုရား၏ အမည်နာမကို အမှီပြု၍ ဆုတောင်းသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်” ဟု ဖော်ပြထားသောကြောင့် ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဇိအုန်တောင်ပေါ်နှင့် ဂျေရုဆလင်မြို့တို့တွင် လွတ်မြောက်သောသူရှိလိမ့်မည်။ ထိုသူတို့သည် အသက်ရှင်ကျန်ရစ်သောသူများထဲမှ ထာဝရဘုရား ခေါ်တော်မူသောသူသာ ဖြစ်လိမ့်မည်။