ရုသ 1:15 - မြန်မာ့စံမီသမ္မာကျမ်း15 ထို့ကြောင့် နောမိက ရုသအား “ကြည့်ပါ။ သင့်အစ်မသည် သူ့လူမျိုး၊ သူ့ဘုရားရှိရာသို့ ပြန်သွားပြီ။ သင်လည်း သူ့နောက်သို့လိုက်သွားလော့”ဟု ဆိုလျှင် အခန်းကိုကြည့်ပါ။Common Language Bible15 သို့ဖြစ်၍နောမိက``ရုသ၊ သင့်အစ်မသည် မိမိအမျိုးသားများ၊ မိမိ၏ဘုရားထံ သို့ပြန်သွားလေပြီ။ သင်သည်လည်းသူ နှင့်အတူပြန်သွားပါလော့'' ဟုပြော၏။ အခန်းကိုကြည့်ပါ။Garrad Bible15 ထို အ ခါ နော မိ က၊ သင့် အစ် မ သည် ဘု ရား ရင်း နှင့် အ မျိုး ရင်း ထံ သို့ ပြန် သွား လေ ပြီ။ အစ် မ နောက် တွင် လိုက် သွား လေ ဟု ဆို သော်၊ အခန်းကိုကြည့်ပါ။Judson Bible15 နောမိကလည်း၊ သင့်အစ်မသည် အမျိုးသားရင်း ဘုရားရင်းတို့ထံသို့ ပြန်သွားပြီ။ အစ်မနောက်သို့ လိုက်သွားပါဟုဆိုသော်၊ အခန်းကိုကြည့်ပါ။ |
ဧလိယက ဧလိရှဲအား “ယခု ဤမြို့၌နေခဲ့လော့။ ထာဝရဘုရားက ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူ၏”ဟု ဆိုလျှင် ဧလိရှဲက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့သည် ဗေသလမြို့သို့ ဆင်းသွားကြ၏။
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။
ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်စပ်ဆိုင်သူမဟုတ်။ ငါတို့နှင့်စပ်ဆိုင်သူမှန်လျှင် ငါတို့နှင့်အတူနေခဲ့ကြပေလိမ့်မည်။ သို့ရာတွင် သူတို့ထွက်သွားကြသည်မှာ သူတို့အားလုံး ငါတို့နှင့်စပ်ဆိုင်သူမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။