Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 16:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 “​သင်​သည် ဤ​အရပ်​၌ အိမ်ထောင်​မ​ပြု​ရ​။ သား​သမီး မ​မွေးဖွား​ရ​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ကိုယ်​တော်​က``ဤ​သို့​သော​အ​ရပ်​တွင်​သင်​သည် အိမ်​ထောင်​သား​မွေး​မှု​တို့​ကို​မ​ပြု​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 သင် သည်၊ ဤ ဒေ သ အ ရပ် ၌ အိမ် ထောင် မ ပြု လင့်။ သား သ မီး မ ရှိ ရာ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 သင်​သည် ဤ​အ​ရပ်၌ စုံ​ဖက်​ခြင်း​ကို မ​ပြု​ရ။ သား​သ​မီး​ကို မ​ဖွား​မ​မြင်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 16:2
9 ပူးပေါင်းရင်းမြစ်များ  

လောတ​သည်​လည်း သွား​၍ သမီး​တို့​နှင့်​စုံဖက်​မည့် မိမိ​သမက်​တို့​အား “​ထ​ကြ​၊ ဤ​အရပ်​မှ​ထွက်သွား​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် ဤ​မြို့​ကို​ဖျက်ဆီး​တော့​မည်​”​ဟု ဆို​လေ​၏​။ သို့သော် သူ​၏​သမက်​တို့​က ရယ်စရာပြော​သည်​ဟူ၍​သာ ထင်မှတ်​ကြ​၏​။


တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့ ရောက်လာ​၍


အကြောင်းမူကား ဤ​အရပ်​၌​မွေးဖွား​သော သား​သမီး​များ​၊ ဤ​ပြည်​၌ သူ​တို့​ကို​မွေးဖွား​သော​သူ​တို့​၏​မွေး​မိခင်​၊ သူ​တို့​၏​မွေး​ဖခင်​များ​နှင့်​ပတ်သက်၍ ထာဝရဘုရား​က


မိန်းမ​ယူ​၍ သား​သမီး​များ​ကို မွေးဖွား​ကြ​လော့​။ သား​များ​ကို​လည်း မိန်းမ​ယူ​စေ​လော့​။ သမီး​များ​ကို​လည်း ယောက်ျား​ယူ​စေ​လော့​။ သား​သမီး​များ မွေးဖွား​စေ​ကြ​လော့​။ ထို​အရပ်​၌ မ​လျော့နည်း​ဘဲ တိုးပွား​ကြ​လော့​။


ပွဲတော်​နေ့​၌ လူ​တို့​ကို​ဖိတ်ခေါ်​သကဲ့သို့ ကြောက်လန့်ဖွယ်​ရာ​တို့​ကို အဘက်ဘက်​မှ ကိုယ်တော်​ဖိတ်ခေါ်​တော်မူ​ပြီ​။ ထာဝရဘုရား​အမျက်ထွက်​တော်မူ​သော​နေ့​၌ လွတ်မြောက်​သော​သူ​၊ အသက်ရှင်​ကျန်ရစ်​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​။ အကျွန်ုပ်​ချီပိုက်​၍​ကျွေးမွေးစောင့်ရှောက်​သော​သူ​တို့​ကို ရန်သူ​တို့ အကုန်အစင်​ဖျက်ဆီး​လေ​ပြီ​။


ထို​နေ့ရက်​တို့​၌ ကိုယ်ဝန်ဆောင်​အမျိုးသမီး​များ​နှင့် နို့စို့​ကလေး​ငယ်​ရှိ​သော​မိခင်​များ​သည် စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်မည်။


ထို​နေ့ရက်​များ​၌ ကိုယ်ဝန်ဆောင်​အမျိုးသမီး​များ​နှင့် နို့စို့​ကလေး​ငယ်​ရှိ​သော​မိခင်​များ​သည် စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် ဤ​ပြည်​အပေါ်​၌ ကြီးစွာ​သော​ဒုက္ခ​ဆင်းရဲ​ခြင်း​ကျရောက်​၍ ဤ​လူမျိုး​အပေါ်၌​အမျက်​တော်​သက်ရောက်​လိမ့်မည်။


အကြောင်းမူကား မြုံ​သော​မိန်းမ၊ သန္ဓေ​မ​လွယ်​ဖူး​သော​ဝမ်း​နှင့် သူငယ်​မ​စို့​ဖူး​သော​သားမြတ်​တို့​သည် မင်္ဂလာရှိ​၏​ဟု​ဆို​ကြ​မည့်​နေ့ရက်​များ​ရောက်လာ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ