Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 16:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သင့်​ကို​သနား​၍ ထိုသို့​ပြု​ပေး​မည့်​သူ တစ်​ယောက်​မျှ​မ​ရှိ​။ သင့်​အပေါ်​မေတ္တာကင်းမဲ့​၍ သင်​မွေးဖွား​သော​နေ့​၌​ပင် သင့်​ကို​စက်ဆုပ်ရွံရှာ​သဖြင့် လယ်ကွင်းပြင်​တွင် ပစ်​ထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ထို​သို့​သင့်​အား​သ​နား​၍​ပြု​စု​သူ​တစ် ယောက်​မျှ​မ​ရှိ။ သင်​၏​အ​ပေါ်​တွင်​မေတ္တာ ကင်း​မဲ့​သည်​ဖြစ်​၍ သင့်​အား​မွေး​ဖွား​ပြီး သော​အ​ခါ​ကွင်း​ပြင်​တွင်​ပစ်​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ဖွား မြင် ရာ နေ့၌ ပင်၊ ထို သို့ စာ နာ ပြု စု ကြည့် ရှု သူ မ ရှိ၊ စက် ဆုပ် သည့် အ တွက်၊ မြေ ပြင် သို့ ထုတ် ပစ် ခံ ပြီး မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 က​ရု​ဏာ​စိတ်​နှင့် ထို​သို့​ပြု​စု​ခြင်း​ငှာ သင့်​ကို​မြင်၍ အ​ဘယ်​သူ​မျှ မ​သ​နား။ ဖွား​သော​နေ့၌ သင်​သည် ကိုယ်​ကို ရွံ​ရှာ​ရ​သည်​တိုင်​အောင် လယ်​ပြင်၌ ပစ်​ထား​ခြင်း​ကို​ခံ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 16:5
13 ပူးပေါင်းရင်းမြစ်များ  

အာဗြဟံ​အား “​ဤ​ကျွန်မ​နှင့် သူ​၏​သား​ကို နှင်ထုတ်​ပါ​လော့​။ အကြောင်းမူကား ဤ​ကျွန်မ​၏​သား​သည် အကျွန်ုပ်​၏​သား​ဣဇက်​နှင့်အတူ အမွေခံ​မ​ဖြစ်​ရ​”​ဟု ဆို​၏​။


ဖာရော​မင်းကြီး​က​လည်း မိမိ​လူ​အပေါင်း​တို့​အား “​မွေးလာ​သော​ယောက်ျားလေး​ရှိသမျှ​ကို နိုင်း​မြစ်​ထဲသို့​ပစ်ချ​စေ​။ မိန်းကလေး​ရှိသမျှ​ကို​ကား အသက်ရှင်​စေ​”​ဟု အမိန့်ပေး​လေ​၏​။


မိခင်​သည် မိမိ​နို့စို့ကလေး​ကို မေ့လျော့​နိုင်​မည်လော​။ မိမိ​ဝမ်း​နှင့်​လွယ်​သော​သားသမီး​ကို မ​သနား​ဘဲ​နေ​မည်လော​။ ထိုသို့​မေ့လျော့​နိုင်​ခဲ့​လျှင်ပင် ငါ​သည် သင့်​ကို​မေ့လျော့​မည်​မ​ဟုတ်​။


မြည်း​ကို​သင်္ဂြိုဟ်​သကဲ့သို့ သူ့​ကို သင်္ဂြိုဟ်​ကြ​လိမ့်မည်​။ ဂျေရုဆလင်​တံခါး​အပြင်ဘက်​သို့ ဆွဲထုတ်​၍ ပစ်ထား​ကြ​လိမ့်မည်​။


ငါ့​လူမျိုး​သမီးပျို​တို့ ပျက်စီး​သောကြောင့်​၊ နို့စို့နို့ညှာ​ကလေးငယ်​တို့ မြို့​လမ်းမ​များ​ပေါ်၌ လဲကျ​သောကြောင့် ငိုရလွန်း​၍ မျက်စိမှုန်ဝေ​ကုန်​ပြီ​။ ငါ့​အထဲ​၌ ပွက်ပွက်ဆူ​နေ​ပြီ​။ ငါ့​အသည်းနှလုံး​လည်း မြေ​ပေါ်​ကြွေကျ​လေ​ပြီ​။


ညဥ့်ဦးယံ​၌ ထ​၍​အော်ဟစ်​လော့​။ ရေ​ကို​သွန်ချ​သကဲ့သို့ သင့်​စိတ်နှလုံး​ကို ဘုရားရှင်​၏​ရှေ့​တော်​၌ ဖွင့်ချ​လော့​။ သင့်​ကလေးသူငယ်​များ​၏​အသက်​အတွက် ကိုယ်တော့်​ထံ​တော်​သို့ သင်​၏​လက်​ကို မြှောက်​လော့​။ သူ​တို့​သည် ငတ်မွတ်​၍ လမ်းဆုံလမ်းခွ​တိုင်း​၌ လဲကျ​ကြ​လေ​ပြီ​။


သနားကြင်နာ​တတ်​သော​မိန်းမ​များ​ပင်လျှင် မိမိ​ရင်သွေး​များ​၏​အသား​ကို ချက်ပြုတ်စား​ကြ​ပြီ​။ ငါ့​လူမျိုး​သမီးပျို​သည် ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ သူ​တို့​ရင်သွေး​သည် သူ​တို့​အတွက် စားစရာ​ဖြစ်​လေ​ပြီ​။


ခွေးအ​တို့​ပင်လျှင် သားပေါက်​ကို နို့တိုက်​တတ်​၏​။ ငါ့​လူမျိုး​သမီးပျို​တို့​မူကား ကန္တာရ​ငှက်ကုလားအုတ်​ကဲ့သို့ ရက်စက်​တတ်​ပါ​သည်​တကား​။


ငါ​သည် သင့်​အနား​မှ​ဖြတ်သွား​သောအခါ သွေး​အလူးလူး​ဖြင့်​ကန်ကျောက်​နေ​သော​သင့်​ကို​မြင်​၍ အသက်ရှင်​ပါ​ဟု သင့်​အား ငါ​ဆို​၏​။ သွေး​လူး​နေ​သော​သင့်​ကို အသက်ရှင်​ပါ​ဟု ငါ​အားပေး​ခဲ့​၏​။


အချင်း​လူသား​၊ သင့်​ကို ဆူးပင်​များ​၊ ဆူးချုံ​များ ဝိုင်းရံ​နေ​ပါစေ​၊ ကင်းမြီးကောက်​တို့​နှင့်​နေ​ရ​ပါစေ​၊ သူ​တို့​ကို မ​ကြောက်​နှင့်​။ သူ​တို့​စကား​ကို​လည်း မ​ကြောက်​နှင့်​။ သူ​တို့​သည် ပုန်ကန်​တတ်​သော​လူမျိုး​ဖြစ်​သောကြောင့် သူ​တို့​စကား​ကို မ​ကြောက်​နှင့်​။ သူ​တို့​မျက်နှာထား​ကြောင့် မ​ထိတ်လန့်​နှင့်​။


လယ်ယာ​၌​နေ​သော​သူ​မည်သူမဆို ဓား​ဖြင့်​အသတ်ခံရ​သော​သူ​ကို​ဖြစ်စေ​၊ အလိုလို​သေ​သော​သူ​ကို​ဖြစ်စေ​၊ လူသေအရိုး​ကို​ဖြစ်စေ​၊ သင်္ချိုင်းဂူ​ကို​ဖြစ်စေ ထိမိ​လျှင် သူ​သည် ခုနစ်​ရက်​ပတ်လုံး​မစင်မကြယ်​ဖြစ်​၏​။


ကိုယ်တော်​သည် သူ့​ကို တောကန္တာရ​အရပ်​၊ လေထန်​သော​ကန္တာရ​လွင်တီးခေါင်အရပ်​၌​တွေ့​သောအခါ သူ့​ကို​ကာကွယ်​စောင်မ​လျက် မျက်စိ​သူငယ်အိမ်​ကဲ့သို့​စောင့်ရှောက်​တော်မူ​ခဲ့​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ