Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 13:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ လူ​တို့​ကို ငှက်​ကဲ့သို့​ထောင်ဖမ်း​ရန် သင်​တို့​အသုံးပြု​သည့်​အဆောင်လက်ပတ်​ကို သင်​တို့​လက်မောင်း​မှ ငါ​ဆွဲဆုတ်​ပစ်​မည်​။ ငှက်​ကဲ့သို့ သင်​တို့​ထောင်ဖမ်း​နေ​သော လူ​တို့​၏​စိတ်ဝိညာဉ်​ကို ငါ​လွှတ်ပေး​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ငှက်​ကို​ဖမ်း​သ​ကဲ့​သို့၊ လူ​တို့​အား ထောင်​ချောက်​ကဲ့​သို့​ထိန်း​ချုပ်​ရန် သင်​အ​သုံး ပြု​သည့်​လက်​ပတ်​များ​ကို​ငါ​မုန်း​၏။ သင် ၏​လက်​မှ​လက်​ပတ်​များ​ကို​ဆွဲ​ဖြတ်​ကာ ငှက်​များ​ကဲ့​သို့​ထိန်း​ချုပ်​ခံ​ထား​ရ​သူ တို့​အား​သင်​၏​လက်​မှ​ငါ​လွတ်​မြောက် စေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 သို့ ဖြစ်၍၊ ငါ သည် လူ တို့ အ သက် ကို ငှက် သ ဖွယ် လိုက် ဖမ်း ခြင်း ပြု သော သင် တို့ လက် ဖွဲ့ များ နှင့် ဆန့် ကျင် ဘက် နေ သ ဖြင့်၊ လက် မောင်း များ မှ ဆုတ် ဖြတ် လျက်၊ အ ဖမ်း ခံ ရ သူ တို့ အ သက် ကို လွှတ် ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ထို​ကြောင့် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အ​သက်​ဝိ​ညာဉ်​တို့​ကို ရ​အောင်​ဖမ်း​လျက်၊ သုံး​တတ်​သော ခေါင်း​အုံး​တို့​ကို ငါ​သည် ရန်​ဘက်​ပြု၍ သင်​တို့​နံ​ပါး​မှ ဆွဲ​နုတ်​ပြီး​လျှင်၊ သင်​တို့​ရ​အောင်​ဖမ်း​သော အ​သက်​ဝိ​ညာဉ်​တို့​ကို ငါ​လွှတ်​လိုက်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 13:20
6 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အား ဘုရားရှင်​ထာဝရဘုရား​က စိတ်ဝိညာဉ်​ကို ထောင်ဖမ်း​ရန် အဆောင်​လက်ပတ်ကြိုး ချုပ်လုပ်​သော​မိန်းမ​၊ ခေါင်းခြုံပဝါ​အရွယ်အစား​မျိုးစုံ ချုပ်လုပ်​သော​မိန်းမ​တို့​သည် အမင်္ဂလာ​ရှိ​၏​။ ငါ့​လူမျိုး​တော်​၏​စိတ်ဝိညာဉ်​ကို ထောင်ဖမ်း​ပြီးမှ သင်​တို့​စိတ်ဝိညာဉ် ချမ်းသာ​ရာ​ရ​မည်​ထင်​သလော​။


သင်​တို့​သည် မုယောဆန်​လက်တစ်ဆုပ်စာ​၊ မုန့်​တစ်လုတ်စာ​ရရှိ​ရန် ငါ့​လူမျိုး​တော်​အလယ်​တွင် ငါ့​ကို​ရှုတ်ချ​ကြ​ပြီ​။ အလိမ်အညာ​စကား​ကို​ယုံလွယ်​သော ငါ့​လူမျိုး​တော်​တို့​ကို လိမ်ညာ​ပြီး မသေသင့်​သူ​ကို သေ​အောင်​၊ သေသင့်​သူ​ကို မသေ​အောင် လုပ်​ကြ​ပြီ​တကား​ဟု မိန့်​တော်မူ​၏​။


သင်​တို့​၏​ခေါင်းခြုံပဝါ​ကို ငါ​ဆုတ်ဖြဲ​ပစ်​မည်​။ ငါ့​လူမျိုး​တော်​ကို သင်​တို့​လက်​မှ​ကယ်​မည်​။ သားကောင်​အဖြစ် နောက်တစ်ဖန် သင်​တို့​လက်​သို့ မ​ရောက်​ရ​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ