Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​လ 2:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သူ​တို့​သည် စစ်သူရဲ​ကဲ့သို့ ပြေး​၏​။ မြို့ရိုး​ပေါ်​တွယ်တက်​တတ်​သော စစ်သား​နှင့်​တူ​၏​။ ကိုယ့်​လမ်းကြောင်း​မှ​မ​လွဲ လမ်းကြောင်း​အတိုင်း ချီတက်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ကျိုင်း​ကောင်​တို့​သည်​စစ်​သူ​ရဲ​များ​သ​ဖွယ် တိုက်​ခိုက်​ကြ​၏။ စစ်​သည်​တပ်​သား​များ​သ​ဖွယ်​မြို့​ရိုး​များ​ကို တက်​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ရှေ့​သို့​တည့်​မတ်​စွာ ချီ​တက်​လျက်​နေ​ကြ​၏။ မိ​မိ​တို့​၏​လမ်း​ကို​မ​ပြောင်း​မ​လွှဲ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 သူ ရဲ တို့ ဘာ ဝ ပြေး ဝင် လျက်၊ ရဲ မက် တို့ ဘာ ဝ စည်း ရိုး ကို တက် ကျော် သော အ သီး အသီး တို့ သည်၊ မ ယိမ်း မ ယိုင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 သူ​တို့​သည် သူ​ရဲ​ကဲ့​သို့ ပြေး၍ စစ်​သူ​ရဲ​ကဲ့​သို့ မြို့​ရိုး​ကို တက်​ကြ​လိမ့်​မည်။ လမ်း​မ​လွှဲ​ဘဲ အ​သီး​အ​သီး မိ​မိ​တို့​လမ်း​သို့ တည့်​တည့်​လိုက်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​လ 2:7
11 ပူးပေါင်းရင်းမြစ်များ  

လင်းယုန်ငှက်​ထက် လျင်မြန်​ပြီး ခြင်္သေ့​ထက် ခွန်အားကြီး​သော​၊ ချစ်ခင်​နှစ်သက်​ရ​ပါ​သော ရှောလု​နှင့် ယောနသန်​တို့​သည် ရှင်​အတူ သေ​မ​ကွာ​ပါ​တကား​။


ထို​နေ့​တွင်ပင် ဒါဝိဒ်​မင်းကြီး​က “​ယေဗုသိ​လူမျိုး​တို့​ကို တိုက်ခိုက်​မည့်​သူ မည်သူမဆို တူးမြောင်း​ကို ဖြတ်​ပြီးလျှင် ဒါဝိဒ်​မင်းကြီး​ကို မနှစ်သက်​သော​ခြေမသန်သူ​များ​၊ မျက်မမြင်​သူ​များ​ကို သုတ်သင်​ပစ်​ကြ​”​ဟု အမိန့်ပေး​၏​။ ထိုအကြောင်းကြောင့် “​မျက်မမြင်​သူ​၊ ခြေမသန်သူ​များ​သည် နန်းတော်​သို့ ဝင်ခွင့်​မ​ရှိ​”​ဟု ဆိုစမှတ်​ပြု​ကြ​လေ​၏​။


အာရှာ​အမျိုး​တွင် တိုက်ပွဲ​ဝင်​ရန်​အသင့်​ဖြစ်​သူ​၊ စစ်မှုထမ်း​နိုင်​သူ စစ်သည်​အယောက်​လေးသောင်း​၊


စစ်သူရဲ​ကဲ့သို့ ငါ့​ထံသို့ ပြေးလာ​ပြီး အနာ​ပေါ်​ထပ်၍ အနာ​ဖြစ်​အောင် ထိုးဖောက်​တော်မူ​၏​။


နေ​သည် မိမိ​အခန်း​ထဲမှ​ထွက်လာ​သော သတို့သား​ကဲ့သို့​ဖြစ်​ပြီး ပြေး​လမ်း​တွင်​ပြေး​တော့မည့် ခွန်အားကြီး​သော​သူ​ကဲ့သို့ ရွှင်မြူး​လျက်​ရှိ​၏​။


ဘုရင်​မ​ရှိ​သော်လည်း တစ်စုတစ်ပေါင်း​တည်း စီတန်း​သွားလာ​တတ်​သော​ကျိုင်းကောင်​များ​နှင့်


“စပျစ်စိုက်ခင်း​သို့​သွား​၍ ဖျက်ဆီး​ကြ​လော့​။ သို့သော်လည်း အကုန်အစင်​မ​ဖျက်ဆီး​နှင့်​။ အခက်အလက်​များ​သည် ထာဝရဘုရား​နှင့် မဆိုင်​သောကြောင့် ဖယ်ပစ်​လော့​။


အချင်းချင်း မ​တိုး​မ​တိုက်​ဘဲ ကိုယ့်​လမ်းကြောင်း​နှင့်​ကိုယ် ချီတက်​ကြ​၏​။ လက်နက်​ကြား​တိုးဝင်​သော်လည်း မ​ကျဆုံး​။


သူ​တို့​သည် မြို့​ထဲတွင် ကဆုန်ပေါက်​နေ​ကြ​၏​။ မြို့ရိုး​ပေါ်တွင် ပြေးလွှား​နေ​ကြ​၏​။ သူခိုး​ကဲ့သို့​ပြတင်းပေါက်​ကို ကျော်​ပြီး အိမ်​ပေါ်သို့​တက်​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ