Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 9:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သူ​တို့​က ယောရှု​အား “​အကျွန်ုပ်​တို့​သည် သခင်​၏​ကျွန်​များ​ဖြစ်​ပါ​သည်​”​ဟု ဆို​သောအခါ ယောရှု​က​လည်း “​သင်​တို့​သည် မည်သူ​တို့​နည်း​။ မည်သည့်​အရပ်​က လာ​ကြ​သနည်း​”​ဟု ပြန်မေး​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 သူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​အစေ ကို​ခံ​ပါ​မည်'' ဟု​ယော​ရှု​အား​ပြန်​ပြော​ကြ​၏။ ယော​ရှု​က``သင်​တို့​သည်​မည်​သူ​များ​ဖြစ်​ကြ သ​နည်း။ မည်​သည့်​အ​ရပ်​မှ​လာ​ကြ​သ​နည်း'' ဟု​မေး​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 သူ တို့ က၊ ကျွန် တော် တို့ သည် ကိုယ် တော့် ကျွန် မှန် ပါ၏ ဟု ယော ရှု အား လျှောက် ဆို ကြ သည့် ကာ လ၊ မည် သည့် လူ မျိုး နည်း။ မည် သည့် အ ရပ် က လာ ကြ သ နည်း ဟု ယော ရှု မေး ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 သူ​တို့​က အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကျွန်​ဖြစ်​ပါ၏​ဟု ယော​ရှု​အား လျှောက်​ဆို​ကြ၏။ ယော​ရှု​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့​သော​သူ​နည်း။ အ​ဘယ်​အ​ရပ်​က လာ​ကြ​သ​နည်း​ဟု​မေး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 9:8
9 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် နန်းတော်အုပ်​၊ မြို့အုပ်​၊ သက်ကြီးဝါကြီး​များ​နှင့် အထိန်းတော်​များ​က ယေဟု​ထံသို့ လူ​လွှတ်​ကာ “​အကျွန်ုပ်​တို့​သည် အရှင့်​အစေအပါး​များ ဖြစ်​ကြ​ပါ​၏​။ အရှင်​မိန့်​တော်မူ​သမျှ အကျွန်ုပ်​တို့ ပြု​ပါ​မည်​။ မည်သူ့​ကို​မျှ မင်း​မ​မြှောက်​ပါ​။ အရှင်​အလိုရှိ​သည့်​အတိုင်း​သာ ပြု​ပါ​”​ဟု အကြောင်းပြန်​လေ​၏​။


ထို​မြို့​က ငြိမ်းချမ်းရေး​ကို​လက်ခံ​သည်​ဟု တုံ့ပြန်​လျှင် ထို​မြို့​၌​ရှိ​သော​လူ​အပေါင်း​တို့​သည် သင်​တို့​စေခိုင်း​သော​အလုပ်​ကို​ဆောင်ရွက်​ရ​သော သင်​တို့​၏​အခိုင်းအစေ​ဖြစ်​ရ​မည်​။


ထိုအခါ ဂိဗောင်​မြို့သား​တို့​သည် ဂိလဂါလ​အရပ်​၌​တပ်စခန်း​ချ​နေ​သော​ယောရှု​ထံသို့ လူ​လွှတ်​၍ “​တောင်ပေါ်ဒေသ​၌​နေထိုင်​သော အာမောရိ​ဘုရင်​တို့ ပူးပေါင်း​ပြီး အကျွန်ုပ်​တို့​ကို လာတိုက်​ပါ​ပြီ​။ သို့ဖြစ်၍ အရှင့်​အစေအပါး​တို့​ကို ပစ်​မ​ထား​ပါ​နှင့်​။ အကျွန်ုပ်​တို့​ထံသို့ အလျင်အမြန်​လာ​၍ ကူညီ​ကယ်တင်​ပါ​လော့​”​ဟု လျှောက်ဆို​စေ​၏​။


အကျွန်ုပ်​တို့​၏​သက်ကြီးဝါကြီး​များ​နှင့် ပြည်သား​များ​က ငါ​တို့​အား ‘​လမ်းခရီး​အတွက် ရိက္ခာ​များ​ကို ယူ​၍ သူ​တို့​ကို သွား​တွေ့​လော့​။ ငါ​တို့​သည် သူ​တို့​၏​ကျွန်​များ​ဖြစ်ကြောင်း​၊ ငါ​တို့​နှင့်​မိတ်​ဖွဲ့​ပါ​မည့်​အကြောင်း လျှောက်ထား​လော့​’​ဟု မှာလိုက်​ပါ​၏​။


ယခုမှာ သင်​တို့​သည် ကျိန်​ခြင်း​ကို ခံရ​လေ​ပြီ​။ ငါ့​ဘုရားသခင်​၏​အိမ်​တော်​တွင် ထင်း​ခွေ​၊ ရေ​ခပ်​သော​သူ​များ​အဖြစ် အစဉ်အမြဲ​အစေခံ​ရ​မည်​”​ဟု ဆို​လေ​၏​။


ကြည့်​ပါ​လော့​။ ယခုမှာ အကျွန်ုပ်​တို့​သည် သခင့်​လက်​၌​ရှိ​ပါ​၏​။ ကောင်း​မည်​၊ သင့်​မည်​ဟု ထင်​သည့်​အတိုင်း ပြု​ပါ​လော့​”​ဟု ပြန်ပြော​ကြ​၏​။


ထို​နေ့​၌ပင် သူ​တို့​ကို ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​အရပ်​၌​တည်​သော​ယဇ်ပလ္လင်​နှင့် အစ္စရေး​လူထု​အတွက် ထင်း​ခွေ​၊ ရေ​ခပ်​သော​သူ​များ​အဖြစ် ယောရှု​စီရင်​ပေး​ထား​၍ ယနေ့​တိုင်အောင် ထို​အမှု​ကို သူ​တို့​ပြု​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ