Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 9:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 စပျစ်ဝိုင်​ထည့်​ခဲ့​သော​ဘူး​အသစ်​တို့​သည်​လည်း ယခုမှာ ပေါက်ပြဲ​ကုန်​ပါ​ပြီ​။ အဝတ်​နှင့်​ဖိနပ်​တို့​မှာ​လည်း ခရီး​ဝေး​မှ​လာ​ရ​သောကြောင့် စုတ်ပြတ်​ကုန်​ပါ​ပြီ​”​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 စ​ပျစ်​ရည်​ထည့်​စဉ်​က​သား​ရေ​ဘူး​များ​သည် လည်း​အ​သစ်​ဖြစ်​ပါ​သည်။ ယ​ခု​ကြည့်​ပါ၊ ဘူး များ​စုတ်​ပြဲ​လျက်​ရှိ​ပါ​သည်။ ခရီး​ဝေး​မှ​လာ ခဲ့​ရ​သ​ဖြင့်​အ​ကျွန်ုပ်​တို့​၏​အ​ဝတ်​နှင့်​ဖိ​နပ် များ​သည်​ဟောင်း​နွမ်း​လျက်​ရှိ​ပါ​သည်'' ဟု ယောရှု​အား​လျှောက်​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 အ ပြည့် ထည့် ခဲ့ သော စ ပျစ် ရည် ဘူး သစ် လည်း၊ စုတ် ကွဲ ပါ ပြီ။ ခ ရီး ဝေး ကွာ သည့် အ တွက် အ ဝတ် နှင့် ဖိ နပ် ဟောင်း နွမ်း ပါ ပြီ ဟု လျှောက် ဆို ကြ သ ဖြင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 စ​ပျစ်​ရည်​ပြည့်​သော ဤ​သား​ရေ​ဘူး​တို့​သည် အ​သစ်​ဖြစ်​သော်​လည်း၊ ယ​ခု​ကြည့်​ပါ စုတ်​ကွဲ​လျက်​ရှိ​ပါ၏။ ဤ​အ​ဝတ် ဤ​ခြေ​နင်း​တို့​သည်​လည်း အ​လွန်​ခ​ရီး​ဝေး​သော​ကြောင့် ဟောင်း​နွမ်း​ပါ​ပြီ​ဟု ပြန်​လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 9:13
8 ပူးပေါင်းရင်းမြစ်များ  

စပျစ်​ဝိုင်​အသစ်​ကို​လည်း သားရေဘူး​အဟောင်း​၌​ထည့်​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် သားရေဘူး​သည် ပေါက်ပြဲ​သဖြင့် စပျစ်​ဝိုင်​ယိုထွက်​ကာ သားရေဘူး​လည်း ပျက်စီး​သွား​လိမ့်မည်။ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အသစ်​၌​သာ ထည့်​ကြ​၏။ ထိုသို့ပြုလျှင် နှစ်မျိုးစလုံး​ကို တာရှည်​ထိန်းသိမ်း​နိုင်​၏”​ဟု မိန့်​တော်မူ​၏။


ထိုနည်းတူ မည်သူမျှ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အဟောင်း​၌​ထည့်​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် စပျစ်​ဝိုင်​သည် သားရေဘူး​ကို​ပေါက်ပြဲ​စေ​သဖြင့် စပျစ်​ဝိုင်​ရော​သားရေဘူး​ပါ ပျက်စီး​သွား​လိမ့်မည်။ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အသစ်​၌​သာ ထည့်​ကြ​၏”​ဟု မိန့်​တော်မူ​၏။


ထိုနည်းတူ မည်သူမျှ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အဟောင်း​၌ ထည့်​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် စပျစ်​ဝိုင်​အသစ်​သည် သားရေဘူး​ကို​ပေါက်ပြဲ​စေ​သဖြင့် စပျစ်​ဝိုင်​ယိုထွက်​ကာ သားရေဘူး​လည်း ပျက်စီး​သွား​လိမ့်မည်။


ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​သည်​ကို သင်​တို့​သိမြင်​မည့်​အကြောင်း သင်​တို့​ကို အနှစ်​လေးဆယ်​ပတ်လုံး တောကန္တာရ​ထဲ၌ ပို့ဆောင်​ခဲ့​၏​။ သင်​တို့​ကိုယ်​ပေါ်​မှ အဝတ်အစား မ​ဟောင်းနွမ်း​။ သင်​တို့​ခြေ​မှ​ဖိနပ်​သည်​လည်း မ​စုတ်​မ​ပြတ်​။


သင်​တို့​ထံသို့​လာ​ရန် ခရီး​စထွက်​ခဲ့​သော​နေ့​၌ အိမ်​မှ​ယူလာ​သော​မုန့်​သည် ပူပူနွေးနွေး​ပင် ရှိ​ပါ​၏​။ ယခု ကြည့်​ပါ​။ ခြောက်သွေ့​ကျိုးကြေ​ကုန်​ပါ​ပြီ​။


အစ္စရေး​အမျိုးသား​တို့​က​လည်း ထာဝရဘုရား​ထံ ခွင့်​မ​ပန်​ဘဲ သူ​တို့​၏​အစားအစာ​ကို ယူ​ကြ​၏​။


သူ​တို့​သည် လိမ္မာပါးနပ်​စွာ​ပရိယာယ်​ဆင်​လျက် သံတမန်​အယောင်​ဆောင်​ပြီး ဟောင်းနွမ်း​သော​အိတ်​၊ ဟောင်းနွမ်း​ပေါက်ပြဲ​၍​ဖာထေး​ထား​သော​စပျစ်ဝိုင်​ဘူး​များ​ကို မြည်း​ပေါ်​တင်​၍


ဟောင်းနွမ်း​ဖာထေး​ထား​သော​ဖိနပ်​ကို​စီး​လျက်​၊ ဟောင်းနွမ်း​သော​အဝတ်​ကို​လည်း ဝတ်​လျက်​၊ ခြောက်သွေ့​ကျိုးကြေ​သော​ရိက္ခာမုန့်​များ​ပါ​လျက်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ