ယောရှု 3:8 - မြန်မာ့စံမီသမ္မာကျမ်း8 သင်သည် ပဋိညာဉ်သေတ္တာတော်ကိုထမ်းသောယဇ်ပုရောဟိတ်တို့အား ‘သင်တို့သည် ဂျော်ဒန်မြစ်ရေစပ်နားသို့ရောက်သောအခါ ဂျော်ဒန်မြစ်ရေ၌ ရပ်နေရမည်’ဟူ၍ ပြောလော့”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ကြသော ယဇ်ပုရောဟိတ်များသည်မြစ်ကမ်းစပ်သို့ ရောက်သောအခါ သူတို့ကိုရေထဲ၌ရပ်နေ ရန်မှာကြားလော့'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible8 ပ ဋိ ညာဉ် တော် သေ တ္တာ ပင့် ဆောင် သူ ပ ရော ဟိတ် တို့ အား ဆင့် ဆို ရ မည် မှာ ယော် ဒန် မြစ် ရေ စ သို့ ရောက် လျှင်၊ ထို မြစ် ရေ တွင် ရပ် တန့် ကြ စေ ဟူ သော အ မိန့် ကို ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible8 ပဋိညာဉ်သေတ္တာကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ်ရေနားသို့ ရောက်သောအခါ၊ ယော်ဒန်မြစ်၌ ရပ်နေရမည်အကြောင်းကို ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
လေဝိအမျိုးတို့ကိုလည်း ဥပုသ်နေ့သန့်ရှင်းအောင် ကိုယ့်ကိုယ်ကိုယ် စင်ကြယ်စေပြီး မြို့တံခါးတို့တွင် သွား၍စောင့်ကြပ်ကြလော့ဟု ငါမှာကြား၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ပြုခဲ့သောအမှုအတွက် အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ မေတ္တာကရုဏာကြွယ်ဝသည့်အတိုင်း အကျွန်ုပ်ကို သနားတော်မူပါ။
တစ်ဖန် ဧလိယက ဧလိရှဲအား “ယခု ဤမြို့မှာ နေခဲ့ပါတော့။ ငါ့ကို ဂျော်ဒန်မြစ်သို့ ထာဝရဘုရား စေလွှတ်တော်မူ၏”ဟုဆိုလျှင် ဧလိရှဲက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့နှစ်ဦး ဆက်သွားကြ၏။