ယောရှု 20:3 - မြန်မာ့စံမီသမ္မာကျမ်း3 မရည်ရွယ်ဘဲ မတော်တဆလူသတ်မိသောလူသတ်သမားသည် ထိုမြို့တို့သို့ပြေးသွားနိုင်၏။ ထိုမြို့တို့သည် လက်စားချေမည့်သူ၏လက်မှ လွတ်မြောက်ရန် သင်တို့ခိုလှုံနိုင်သောမြို့ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible3 တစ်စုံတစ်ယောက်အားမတော်တဆသတ်မိ သောသူသည် လက်စားချေမည့်သူ၏လက်မှ လွတ်မြောက်ရန် ထိုမြို့များသို့ထွက်ပြေး ခိုလှုံနိုင်စေရမည်။- အခန်းကိုကြည့်ပါ။Judson Bible3 လူအသက်ကို သတ်မည်ဟု အကြံမရှိဘဲ အမှတ်တမဲ့သတ်မိသောသူသည် ပြေး၍ မှီခိုရာမြို့တို့ကို ရွေးထားကြလော့။ သေစားသေစေသောသူလက်နှင့် လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။ အခန်းကိုကြည့်ပါ။ |
ထိုအမျိုးသမီးက “အရှင်မင်းကြီး၊ သွေးကြွေးတောင်းသောသူတို့သည် လူ့အသက်ကို ထပ်၍မသတ်ကြစေရန်၊ အကျွန်ုပ်၏သားကိုမဖျက်ဆီးကြစေရန် အရှင်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားကို အောက်မေ့တော်မူပါ”ဟု လျှောက်ပြန်လျှင် ရှင်ဘုရင်က “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်သား၏ဆံချည်တစ်မျှင်မျှ မြေပေါ်မကျစေရ”ဟု ပြန်မိန့်ဆို၏။