ယောရှု 10:19 - မြန်မာ့စံမီသမ္မာကျမ်း19 သင်တို့မူကား ရပ်စောင့်မနေဘဲ ရန်သူတို့နောက်သို့လိုက်၍ တိုက်ခိုက်ကြလော့။ သူတို့ကို မြို့ထဲသို့ တစ်ယောက်မျှ မဝင်စေနှင့်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို သင်တို့လက်သို့ အပ်တော်မူပြီ”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible19 သင်တို့မူကားထိုအရပ်တွင်စောင့်၍မနေနှင့်။ ရန်သူများနောက်သို့လိုက်လံ၍နောက်ဆွယ်မှ တိုက်ခိုက်လော့။ မြို့များထဲသို့မဝင်စေနှင့်။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် ရန်သူကိုသင်တို့လက်သို့အပ်တော်မူပြီ'' ဟုဣသရေလအမျိုးသားတို့အားမှာ ကြားလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible19 ရန် သူ တို့ ကို မ ဆိုင်း မ လင့် လိုက် လံ၍၊ တွေ့ မိ သ မျှ သတ် ကြ လော့။ ချင်း တို့ မြို့ သို့ မ ဝင် စေ လင့်။ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ထို သူ တို့ ကို သင် တို့ လက် တွင်း သို့ အပ် နှင်း တော် မူ ပြီ ဟု မိန့် မှာ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible19 သင်တို့မူကား မဆိုင်းမလင့်။ ရန်သူတို့ကိုလိုက်၍ မီသမျှသောသူတို့ကို ကွပ်မျက်ကြ။ မြို့ထဲသို့ မဝင်စေကြနှင့်။ သင်တို့ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင်တို့လက်၌အပ်တော်မူပြီဟု မှာထားလေ၏။ အခန်းကိုကြည့်ပါ။ |