ယောဘဝတ္တု။ 6:22 - မြန်မာ့စံမီသမ္မာကျမ်း22 ငါက ‘ငါ့ကို တစ်စုံတစ်ရာယူလာပေးပါ။ သင်တို့စည်းစိမ်ချမ်းသာများထဲမှ ငါ့ကိုလက်ဆောင်ပေးကြပါ’ဟု တောင်းဖူးသလော။ အခန်းကိုကြည့်ပါ။Common Language Bible22 ငါ့ထံသို့လက်ဆောင်ကို ယူခဲ့ကြပါ။ သင်တို့ ပစ္စည်းဥစ္စာထဲကထုတ်၍ ငါ့ကိုပေးကြပါ။ အခန်းကိုကြည့်ပါ။Garrad Bible22 ငါ့ အား ပေး ကမ်း ပါ။ ငါ့ အ တွက် လက် ဆောင် ပေး ပါ ဟူ၍လည်း ကောင်း၊ ရန် သူ့ လက် မှ ကယ် ဆယ် ပါ။ အခန်းကိုကြည့်ပါ။Judson Bible22 ငါ့ထံသို့ လက်ဆောင်ကို ယူခဲ့ကြပါ။ သင်တို့ ပစ္စည်းဥစ္စာထဲကထုတ်၍ ငါ့ကိုပေးကြပါ။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ယောဘ၏ညီအစ်ကိုမောင်နှမအပေါင်းတို့နှင့် ယခင်က သိကျွမ်းခဲ့သူအပေါင်းတို့သည် သူ့ထံသို့ရောက်လာ၍ သူ့အိမ်၌ အတူစားသောက်ကြ၏။ သူ့အား ထာဝရဘုရား ကြုံတွေ့စေသောဆင်းရဲဒုက္ခအပေါင်းတို့အတွက် သူ့ကို အားပေးနှစ်သိမ့်ကြ၏။ သူ့အား ငွေစတစ်စနှင့် ရွှေလက်စွပ်တစ်ကွင်းစီလည်း ပေးကြ၏။
ယခု သင်တို့ရှေ့မှာ ငါရှိ၏။ မည်သူ့နွားကို ငါယူဖူးသနည်း၊ မည်သူ့မြည်းကို ငါယူဖူးသနည်း။ မည်သူ့ကို ငါလှည့်စားဖူးသနည်း။ မည်သူ့ကို ငါညှဉ်းဆဲဖူးသနည်း။ မသိကျိုးကျွန်ပြုရန်အတွက် မည်သူ့ထံမှ ငါလာဘ်ယူဖူးသနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်ခံဘုရင်၏ရှေ့တွင် သင်တို့သက်သေပြလော့။ ရှိခဲ့လျှင် ငါပြန်ပေးဆပ်မည်”ဟု ဆို၏။