Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 18:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သူ့​အမြစ်​တို့​သည် ခြောက်သွေ့​သွား​လိမ့်မည်​။ သူ့​အခက်အလက်​တို့​သည်​လည်း ညှိုးနွမ်း​သွား​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 သူ၏အမြစ်တို့သည် သွေ့ခြောက်လျက်၊ အခက်အလက်တို့လည်း သေလျက်ရှိကြလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 အောက်၌ အ မြစ် များ သွေ့ ခြောက်၍၊ အ ပေါ် အ ခက် အ လက် လည်း ညှိုး နွမ်း လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သူ၏​အ​မြစ်​တို့​သည် သွေ့​ခြောက်​လျက်၊ အ​ခက်​အ​လက်​တို့​လည်း သေ​လျက်​ရှိ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 18:16
10 ပူးပေါင်းရင်းမြစ်များ  

သူ​သည် အမှောင်​ထဲမှ လွတ်မြောက်​နိုင်​မည်​မ​ဟုတ်​။ မီးလျှံ​သည် သူ့​အညွန့်​တို့​ကို ခြောက်သွေ့​စေ​လိမ့်မည်​။ နှုတ်​တော်​မှ​ထွက်သက်လေ​တစ်ချက်တည်း​ဖြင့် သူ​သည် ကွယ်ပျောက်​သွား​ရ​လိမ့်မည်​။


အချိန်​မ​တန်​မီ သူ​သည် အစုံအလင်​ပြန်ခံရ​မည်​။ သူ​၏​အကိုင်းအခက်​သည်​လည်း စိမ်းလန်း​မည်​မ​ဟုတ်​။


ငါ့​အမြစ်​သည် ရေ​ရှိ​ရာ​အထိ ဖြာထွက်​ပြီး ငါ့​အခက်အလက်​တို့​သည်​လည်း နှင်းစက်​များ​ဖြင့် တစ်ညလုံး​စို​နေ​လိမ့်မည်​။


သူ​၏​အမြစ်​များ​သည် ကျောက်ပုံ​ကို ရစ်ပတ်​ထား​ပြီး ကျောက်တုံး​များ​ကြား​တွင် နေရာ​ရှာ​တတ်​၏​။


သင်​သည် မိမိ​ပြည်​ကို​ဖျက်ဆီး​၍ မိမိ​လူမျိုး​ကို​သတ်ဖြတ်​သောကြောင့် သူ​တို့​နှင့်အတူ​ရော​၍​သင်္ဂြိုဟ်​ခြင်း​မ​ခံရ​။ ဆိုးညစ်​သော​သူ​တို့​၏​သားစဉ်မြေးဆက်​အကြောင်း​ကို မည်သည့်​အခါ​မျှ ထုတ်ဖော်​ပြောဆို​ကြ​မည်​မ​ဟုတ်​။


သူ​တို့​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​ပညတ်တရား​ကို​ပယ်​၍ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​မိန့်​တော်မူ​သော​စကား​ကို မထီလေးစား​ပြု​ကြ​၏​။ ထို့ကြောင့် မီးတောက်​သည် ရိုးပြတ်​ကို​လောင်မြိုက်​သကဲ့သို့​၊ မီးလျှံ​သည် မြက်ခြောက်​ကို​လောင်ကျွမ်း​သကဲ့သို့ သူ​တို့​၏​အမြစ်​သည် ဆွေးမြည့်​၍ သူ​တို့​၏​အပွင့်​သည်​လည်း မြေမှုန့်​ကဲ့သို့​လွင့်သွား​လိမ့်မည်​။


ဧဖရိမ်​သည် ဒဏ်ခတ်​ခံရ​သဖြင့် အမြစ်​ခြောက်သွေ့​ကာ အသီး​မ​သီး​နိုင်​သော​အပင်​ကဲ့သို့ ဖြစ်​၏​။ သားဖွား​လျှင်​လည်း သူ​ချစ်မြတ်နိုး​သော​သား​ကို ငါ​ကွပ်မျက်​မည်​။”


သို့သော် သစ်ကတိုးပင်​မြင့်​သကဲ့သို့​မြင့်​၍ ဝက်သစ်ချပင်​ကဲ့သို့​သန်မာ​သော အာမောရိ​လူမျိုး​တို့​ကို အပင်​ပေါ်​ရှိ​အသီး​များ​သာမက မြေ​အောက်​ရှိ​အမြစ်​များ​ပါ​မကျန် ဖျက်ဆီး​သကဲ့သို့ သူ​တို့​ရှေ့​တွင်​ပင် ငါ​ကိုယ်တော်တိုင် သုတ်သင်ပယ်ရှင်း​ပစ်​ခဲ့​၏​။


“ကြည့်ရှု​လော့​။ မီးဖို​မှ​မီးတောက်လောင်​သကဲ့သို့ မီးတောက်လောင်​သော​နေ့ရက်​ရောက်လာ​၍ မာနထောင်လွှား​သော​သူ​အပေါင်း​တို့​နှင့် ဆိုးယုတ်​သော​သူ​အပေါင်း​တို့​သည် ရိုးပြတ်​ကဲ့သို့ လောင်ကျွမ်း​ခြင်း​ခံရ​မည်​။ ရောက်လာ​မည့်​ထို​နေ့ရက်​သည် သူ​တို့​ကို အကိုင်းအခက်​မှစ၍ အမြစ်​ပါ​မ​ကျန် လောင်ကျွမ်း​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ