မဿဲ 20:25 - မြန်မာ့စံမီသမ္မာကျမ်း25 သို့သော် ယေရှုသည် သူတို့ကိုခေါ်လျက်“လူမျိုးခြားတို့တွင် အုပ်ချုပ်သူတို့သည် ပြည်သူတို့အပေါ်စိုးမိုးခြယ်လှယ်ကြ၍ အကြီးအကဲတို့သည် သူတို့အပေါ်အာဏာသုံးတတ်ကြသည်ကို သင်တို့သိကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible25 သခင်ယေရှုသည်တပည့်တော်တို့ကိုအထံတော် သို့ခေါ်တော်မူလျက် ``မင်းစိုးရာဇာတို့သည်ပြည် သူတို့အပေါ်ဝယ် တန်ခိုးအာဏာရှိကြောင်းကို လည်းကောင်း၊ ပြည်သူ့ခေါင်းဆောင်များသည်လည်း ပြည်သူတို့အား အစိုးတရပြုတတ်ကြောင်းကို လည်းကောင်းသင်တို့သိကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible25 လူ မျိုး ခြား မင်း တို့ သည် အ စိုး တ ရ ပြု တတ် ကြ သည် ကိုလည်း ကောင်း၊ ကြီး မြင့် သူ တို့ လည်း အာ ဏာ ထား တတ် ကြ သည် ကို လည်း ကောင်း သင် တို့ သိ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible25 ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ၍၊ သင်တို့ သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရ ပြုတတ်ကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း25 သို့သော်လည်း ယေရှုသည် တပည့်တော်တို့ကို မိမိထံ ခေါ်လျက် “လူမျိုးခြားများ၏အစိုးရမင်းတို့သည် လူများအပေါ် အုပ်စိုးခြယ်လှယ်တတ်ကြ၏။ အကြီးအမှူးတို့သည်လည်း မိမိလက်အောက်တွင်ရှိသော လူများအပေါ် အာဏာပြတတ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ25 ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ၍၊ သင်တို့ သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရ ပြုတတ်ကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုသို့ ဘုန်းတန်ခိုးကို ပေးတော်မူသောကြောင့် နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးအပေါင်းတို့သည် သူ၏ရှေ့တွင် ကြောက်ရွံ့တုန်လှုပ်ကြရပါ၏။ သူသည် သတ်လိုသောသူကို သတ်၍ အသက်ချမ်းသာပေးလိုသောသူကို ပေးပါ၏။ ချီးမြှောက်လိုသောသူကို ချီးမြှောက်၍ နှိမ့်ချလိုသောသူကို နှိမ့်ချပါ၏။
ယခု သင်တို့သည် တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြား၊ အိတ်ပလွေမှစ၍ တူရိယာအမျိုးမျိုးတို့တီးမှုတ်သံကိုကြားလျှင် ငါတည်ထားသောရုပ်တုကို ပျပ်ဝပ်ရှိခိုးရန် အသင့်ရှိရမည်။ သင်တို့မရှိခိုးပါက မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ချက်ချင်းပစ်ချခြင်းခံရမည်။ သင်တို့ကို ငါ့လက်မှ မည်သည့်ဘုရားက ကယ်တင်မည်နည်း”ဟု မိန့်တော်မူ၏။