မဿဲ 20:2 - မြန်မာ့စံမီသမ္မာကျမ်း2 သူသည် တစ်နေ့လျှင် ဒေနာရိတစ်ပြားနှုန်းဖြင့် အလုပ်သမားများနှင့်သဘောတူလျက် သူတို့ကို မိမိ၏စပျစ်ခြံသို့ စေလွှတ်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible2 အလုပ်သမားတို့အားပေးနေကျနေ့စားခ၊ ဒေနာရိဒင်္ဂါးတစ်ပြားနှင့်ငှားရန်သဘောတူ သဖြင့်သူတို့အားစပျစ်ဥယျာဉ်သို့စေလွှတ် လိုက်၏။- အခန်းကိုကြည့်ပါ။Garrad Bible2 လုပ် သား များ ကို တစ် နေ့ လျှင် ငွေ တစ် ကျပ် ကျ နှင့် သ ဘော တူ ငှား ရမ်း ပြီး မှ စ ပျစ် ဥ ယျာဉ် သို့ စေ လွှတ် လိုက် ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ထိုသူသည် တစ်နေ့လျှင် ဒေနာရိတစ်ပြားစီပေးမည်ဟူ၍ လုပ်ဆောင်သောသူတို့နှင့် ဝန်ခံပြီးမှ စပျစ်ဥယျာဉ်သို့ စေလွှတ်လေ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 ထိုသူသည် လုပ်သားတို့အား နေ့စားခငွေဒင်္ဂါးတစ်ပြား ပေးရန် သဘောတူပြီးနောက် မိမိစပျစ်ခြံသို့ စေလွှတ်လိုက်၏။ အခန်းကိုကြည့်ပါ။မြန်မာ2 ထိုသူသည် တစ်နေ့လျှင် ဒေနာရိတစ်ပြားစီပေးမည်ဟူ၍ လုပ်ဆောင်သောသူတို့နှင့် ဝန်ခံပြီးမှ စပျစ်ဥယျာဉ်သို့ စေလွှတ်လေ၏။- အခန်းကိုကြည့်ပါ။ |
ယောရှိမင်းကြီး နန်းစံရှစ်နှစ်၊ အသက်အရွယ်နုနယ်နေသေးစဉ်တွင်ပင် ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင်ကို စတင်ရှာခဲ့၏။ သက်တော်တစ်ဆယ့်နှစ်နှစ်တွင် ဂျေရုဆလင်မြို့အပါအဝင်ယုဒပြည်ရှိ အထွတ်အမြတ်ထားရာနေရာများ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကို စတင်ဖယ်ရှားပစ်၏။
အကျွန်ုပ်ထွက်သွားသည်နှင့် ထာဝရဘုရား၏ဝိညာဉ်တော်က အရှင့်ကို အကျွန်ုပ်မသိနိုင်သောနေရာသို့ ဆောင်ယူသွားလျှင် အကျွန်ုပ်သည် အာဟပ်မင်းကြီးကို သွားလျှောက်တင်ပြီးမှ အရှင့်ကို မတွေ့သောအခါ အကျွန်ုပ်ကို သူသတ်ပါလိမ့်မည်။ အရှင့်အစေအပါးအကျွန်ုပ်သည် ငယ်ရွယ်စဉ်မှစ၍ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသူဖြစ်ပါ၏။