ဗျာဒိတ် 9:19 - မြန်မာ့စံမီသမ္မာကျမ်း19 မြင်းတို့၏အစွမ်းသည် သူတို့၏ခံတွင်းနှင့်အမြီးတို့၌ရှိ၏။ သူတို့၏အမြီးသည် မြွေနှင့်တူပြီး ဦးခေါင်းရှိ၍ ထိုဦးခေါင်းအားဖြင့် လူတို့အားဘေးသင့်စေ၏။ အခန်းကိုကြည့်ပါ။Common Language Bible19 မြင်းတို့၏တန်ခိုးစွမ်းရည်သည်သူတို့၏ခံတွင်း နှင့်အမြီးတွင်ရှိ၏။ သူတို့၏အမြီးများသည် မြွေများနှင့်တူ၏။ ထိုအမြီးများတွင်ဦးခေါင်း များပေါက်လျက်ယင်းအမြီးများဖြင့်လူတို့ အားအန္တရာယ်ပြုကြ၏။ အခန်းကိုကြည့်ပါ။Judson Bible19 အကြောင်းမူကား၊ သူတို့တန်ခိုးသည် ခံတွင်း၌လည်းကောင်း၊ အမြီး၌လည်းကောင်း တည်၏။ အမြီးသည် ခေါင်းနှင့်ပြည့်စုံ၍ မြွေနှင့်တူ၏။ အမြီးအားဖြင့် ညှဥ်းဆဲတတ်ကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း19 ဤမြင်းတို့၏ သတ်ဖြတ်နိုင်သည့်အစွမ်းသည် သူတို့၏ပါးစပ်တွင်သာမက အမြီးတွင်လည်း ပါရှိ၏။ သူတို့၏အမြီးများသည် မြွေနှင့်တူ၍ ထိုအမြီး၌ လူကိုအန္တရာယ်ပြုနိုင်သော ဦးခေါင်းပါရှိ၏။ အခန်းကိုကြည့်ပါ။ |
ထိုဘေးဒဏ်များဖြင့် မသေဘဲကျန်ခဲ့သောသူတို့သည် နတ်ဆိုးများကိုလည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသော မမြင်နိုင်၊ မကြားနိုင်၊ လမ်းမလျှောက်နိုင်သည့် ရုပ်တုများကိုလည်းကောင်း မကိုးကွယ်ဘဲနေရန် မိမိတို့လက်ဖြင့်ပြုလုပ်သောအရာများအတွက် နောင်တမရကြ။