Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဖိ​လိပ္ပိ 4:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 မည်သို့ပင်ဖြစ်စေ သင်​တို့​သည် ငါ​၏​ဆင်းရဲ​ဒုက္ခ​ကို မျှဝေ​ခံစား​ရာ​၌ လျောက်ပတ်​စွာ​ပြု​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သို့​ရာ​တွင်​ငါ​အ​ခက်​အ​ခဲ​တွေ့​ကြုံ​ရ​ချိန်​၌ သင်​တို့​ငါ့​ကို​ကူ​ညီ​ကြ​သော​အား​ဖြင့်​ကောင်း မွန်​စွာ​ပြု​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 သို့ ရာ တွင် ငါ ခံ ရ သော ဒု က္ခ၌ သင် တို့ ထောက် ပံ့ ကြ သည် မှာ ကောင်း မွန် စွာ ပြု ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သို့​သော်​လည်း ဆင်း​ရဲ​ဒု​က္ခ​ကို​ငါ ခံ​ရ​စဉ်​အ​ခါ၊ သင်​တို့​သည် ငါ​နှင့်​ဆက်​ဆံ​သော​အား​ဖြင့် ကောင်း​မွန်​စွာ ပြု​ကြ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 သို့သော်လည်း ကျွန်ုပ်​ဆင်းရဲဒုက္ခ​ကြုံ​သောအခါ သင်တို့​ပါဝင်​ကူညီခြင်း​သည် အလွန်​ကောင်းသည့် လုပ်ဆောင်ချက်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဖိ​လိပ္ပိ 4:14
14 ပူးပေါင်းရင်းမြစ်များ  

သို့သော် ထာဝရဘုရား​က ငါ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား ‘​ငါ့​နာမ​အဖို့ အိမ်​တော်​ကို​တည်ဆောက်​ရန် သင် စိတ်ဆန္ဒ​ရှိ​လေ​ပြီ​။ ထို​စိတ်ဆန္ဒ​ရှိ​ခြင်း​သည် ကောင်း​သော​အမှု​ဖြစ်​၏​။


သို့သော် ထာဝရဘုရား​က ငါ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား ‘​ငါ့​နာမ​အဖို့ အိမ်​တော်​ကို​တည်ဆောက်​ရန် သင်​စိတ်ဆန္ဒ​ရှိ​လေ​ပြီ​။ ထို​စိတ်ဆန္ဒ​ရှိ​ခြင်း​သည် ကောင်း​သော​အမှု​ဖြစ်​၏​။


သူ​၏​သခင်​က​လည်း ‘ကောင်းလေစွ။ သစ္စာရှိ​သော​အစေအပါး​ကောင်း၊ သင်​သည် အနည်းငယ်​သော​အရာ​၌ သစ္စာရှိ​၏။ များစွာ​သော​အရာ​တို့​ကို သင့်​အား​ကြီးကြပ်​စောင့်ရှောက်​စေ​မည်။ သင့်​သခင်​၏​ဝမ်းမြောက်​ခြင်း​၌ ပါဝင်​ဆင်နွှဲ​လော့’​ဟု ဆို​လေ​၏။


သူ​တို့​သည် စေတနာ​စိတ်​ရှိ​ကြ​သည်​မှန်​သကဲ့သို့ ထို​သူ​တို့​အပေါ် အကြွေး​တင်​သူ​များ​လည်း​ဖြစ်​ကြ​၏။ အကြောင်းမူကား လူမျိုးခြား​တို့​သည် ထို​သူ​တို့​၏​ဝိညာဉ်ရေး​နှင့်ဆိုင်သော​အရာ​များ​ကို မျှဝေ​ခံယူ​ရ​ကြ​သည်​ဆို​လျှင် ရုပ်ဝတ္ထု​နှင့်ဆိုင်သော​အရာ​များ​အားဖြင့် သူ​တို့​၏​အမှု​ကို ဆောင်ရွက်​ပေး​သင့်​၏။


နှုတ်ကပတ်​တရား​ကို​သင်ယူ​သော​သူ​သည် သင်ပေး​သော​သူ​အား ကောင်း​သော​အရာ​ရှိသမျှ​တို့​ကို ဝေမျှ​ပေး​ပါစေ။


သင်​တို့​အားလုံး​နှင့်​ပတ်သက်၍ ဤကဲ့သို့ ငါ​သဘောထား​သည်​မှာ သင့်မြတ်​ပေ​၏။ အကြောင်းမူကား သင်​တို့​အားလုံး​သည် ငါ​အချုပ်အနှောင်​ခံရ​သော​အရာ​၌​လည်းကောင်း၊ ကောင်းမြတ်​သော​သတင်း​အတွက် ဖြေရှင်း​ချက်​ပေး​၍ အတည်ပြု​ပြောဆို​ရာ​၌​လည်းကောင်း ငါ​နှင့်အတူ ကျေးဇူး​တော်​ကို​မျှဝေ​ခံစား​သူ​များ​ဖြစ်​ကြ​သဖြင့် သင်​တို့​သည် ငါ​၏​စိတ်နှလုံး​၌​ရှိ​ကြ​၏။


ငါ​သည် အရာ​အားလုံး​ကို​ရရှိ​၍ ကြွယ်ဝ​လျက်​ရှိ​၏။ သင်​တို့​ပေးပို့​သည့်​အရာ​များ​ကို ဧပဖြောဒိတ်​ထံမှ ငါ​လက်ခံ​ရရှိ​၍ ပြည့်စုံ​လျက်​ရှိ​ပြီ။ ထို​အရာ​တို့​သည် မွှေးကြိုင်​သည့်​ရနံ့၊ ဘုရားသခင်​နှစ်သက်​တော်မူ​သော လက်ခံ​ဖွယ်​ရာ​ယဇ်​ဖြစ်​ကြ​၏။


ကောင်း​သော​အမှု​ကို​ပြု​လျက် ကောင်း​သော​အကျင့်​များ​ဖြင့်​ကြွယ်ဝ​ကာ ရက်ရော​စွာ​ဝေမျှ​ပေးကမ်း​တတ်​သော​သူ​များ​ဖြစ်​ကြ​၍


တစ်ခါတစ်ရံ သင်​တို့​သည် လူ​တို့​ရှေ့၌ ကဲ့ရဲ့​ပြစ်တင်​ခြင်း​နှင့်​နှိပ်စက်​ခြင်း​တို့​ကို​ခံရ​ကြ​၍ တစ်ခါတစ်ရံ ထိုသို့​ပြုကျင့်​ခံရ​သော​သူ​တို့​၏​အပေါင်းအဖော်​များ​ဖြစ်​ကြ​၏။


သင်​တို့​သည် အကျဉ်းသား​တို့​အပေါ် စာနာ​စိတ်​ရှိ​ကြ​သည်​သာမက သာ၍​မြတ်​ပြီး တည်မြဲ​သော​အရာ​ကို မိမိ​တို့​ပိုင်ဆိုင်​ကြောင်း​သိ​လျက် သင်​တို့​ဥစ္စာ​ပစ္စည်း​များ မတရား​လုယူ​ခြင်း​ခံရ​သော်လည်း ဝမ်းမြောက်​စွာ​သည်းခံ​ခဲ့​ကြ​၏။


ကောင်း​သော​အမှု​ကို​ပြု​ခြင်း​နှင့် ဝေမျှ​ခြင်း​တို့​ကို​လည်း မ​မေ့လျော့​ကြ​နှင့်။ အကြောင်းမူကား ထိုသို့သော​ယဇ်​များ​ကို ဘုရားသခင်​နှစ်သက်​တော်မူ​၏။


ယေရှု​၌​ဆင်းရဲ​ဒုက္ခ​ကို​လည်းကောင်း၊ နိုင်ငံ​တော်​ကို​လည်းကောင်း၊ သည်းခံ​ခြင်း​ကို​လည်းကောင်း သင်​တို့​နှင့်အတူ မျှဝေ​ခံစား​သူ​ဖြစ်​သော သင်​တို့​၏​ညီအစ်ကို ငါ​ယောဟန်​သည် ဘုရားသခင်​၏​နှုတ်ကပတ်တော်​နှင့် ယေရှု​နှင့်ဆိုင်သော​သက်သေခံ​ချက်​တို့​ကြောင့် ပတ်မု​ဟု​ခေါ်​သော​ကျွန်း​တွင်​ရောက်​နေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ