နေဟမိ 8:11 - မြန်မာ့စံမီသမ္မာကျမ်း11 လေဝိသားတို့ကလည်း လူအပေါင်းတို့အား “ငြိမ်ဝပ်စွာနေကြလော့။ ဝမ်းမနည်းကြနှင့်။ ယနေ့သည် သန့်ရှင်းသောနေ့ဖြစ်၏”ဟု နှစ်သိမ့်ပေး၏။ အခန်းကိုကြည့်ပါ။Common Language Bible11 လေဝိအနွယ်ဝင်တို့သည်လှည့်လည်၍ထို နေ့မြတ်၌ ဝမ်းမနည်းဘဲစိတ်တည်ငြိမ်မှု ရှိကြရန်လူတို့အားပြောကြားကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible11 ဝမ်း မ နည်း ဘဲ ဆိတ် ဆိတ် နေ ကြ လော့ ဟု၊ ပ ရိ သတ် ငြိမ် သက် စေ ရန်၊ လေ ဝိ ဂိုဏ်း သား တို့ ထပ် ပြော ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible11 ထိုသို့ လေဝိသားတို့က၊ ဤသည်နေ့ရက်သည် သန့်ရှင်းသောနေ့ ဖြစ်သောကြောင့် တိတ်ဆိတ်စွာ နေကြလော့။ ဝမ်းနည်းမနေကြနှင့်ဟု ဆို၍ လူအပေါင်းတို့ကို ငြိမ်းစေကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် နေဟမိက လူတို့အား “ချိုမြိန်သောစားကောင်းသောက်ဖွယ်တို့ကို သွား၍ စားသောက်ကြလော့။ စားသောက်စရာမရှိသူတို့အား ဝေငှပေးလော့။ ယနေ့သည် ငါတို့အရှင်သခင်အဖို့ သန့်ရှင်းသောနေ့ဖြစ်၍ ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှ ဝမ်းမြောက်ခြင်းသည် သင်တို့အဖို့ ခွန်အားဖြစ်၏”ဟု ဆို၏။