နေဟမိ 4:22 - မြန်မာ့စံမီသမ္မာကျမ်း22 တစ်ချိန်တည်းမှာပင် ငါက လူတို့အား “ညအချိန် ကင်းစောင့်၍ နေ့အချိန် အလုပ်လုပ်နိုင်ရန် လူတိုင်း ကိုယ့်အလုပ်သမားကိုယ်စီနှင့် ဂျေရုဆလင်မြို့တွင် ညအိပ်နားရမည်”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible22 ထိုအခါ၌ငါက``ငါတို့သည်ညဥ့်အခါ မြို့ကိုကင်းစောင့်၍နေ့အခါအလုပ်လုပ် နိုင်ကြစေရန် သင်တို့နှင့်သင်တို့အားကူညီ သူရှိသမျှတို့သည်ညဥ့်အခါယေရု ရှလင်မြို့တွင်အိပ်ရမည်'' ဟုတာဝန် ရှိသူတို့အားဆို၏။- အခန်းကိုကြည့်ပါ။Garrad Bible22 ထို ကာ လ ငါ က၊ လူ တိုင်း ငယ် သား ပါ ယေ ရု ရှ လင် မြို့ တွင်း မှာ တည်း ခို ရ မည်။ သို့ ပြု လျှင်။ ညဉ့်၌ ကင်း စောင့် သူ၊ နေ့၌ လုပ် ဆောင် သူ ဖြစ် ကြ လိမ့် မည် ဟု၊ ပ ရိတ် သတ် တို့ အား မိန့် ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible22 ထိုအခါ၌လည်း၊ ငါက လူတိုင်း မိမိကျွန်နှင့်တကွ ညအချိန်တွင်၊ ယေရုရှလင်မြို့ထဲမှာ အိပ်စေ။ သို့ပြုလျှင်၊ ကျွန်တို့သည် နေ့အခါ အလုပ်လုပ်လျက်၊ ညအခါ အလှည့်လှည့်စောင့်လျက် ရှိကြလိမ့်မည်ဟု လူများတို့အားဆို၏။ အခန်းကိုကြည့်ပါ။ |