ဒံယေလ 8:3 - မြန်မာ့စံမီသမ္မာကျမ်း3 ငါမျှော်ကြည့်လိုက်သောအခါ မြစ်ဘေးတွင် သိုးထီးတစ်ကောင်ရပ်နေသည်ကို မြင်ရ၏။ ထိုသိုးထီးတွင် ချိုရှည်နှစ်ချောင်း ရှိ၏။ ချိုရှည်နှစ်ချောင်းတွင် တစ်ချောင်းသည် အခြားတစ်ချောင်းထက် ပိုရှည်၏။ ပိုရှည်သောချိုသည် နောက်မှပေါက်သောချိုဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible3 မျှော်ကြည့်လိုက်ရာမြစ်အနီးတွင်ရပ်နေ သောသိုးထီးတစ်ကောင်ကိုမြင်ရ၏။ ထိုသိုး မှာဦးချိုရှည်ကြီးနှစ်ချောင်းရှိ၍တစ်ချောင်း မှာအခြားတစ်ချောင်းထက်ပိုရှည်၍နောက် မှပေါက်သောချိုဖြစ်သည်။- အခန်းကိုကြည့်ပါ။Garrad Bible3 ငါ မြော် ကြည့် သော် ဦး ချို နှစ် ချောင်း ရှိ သော သိုး ထီး တစ် ကောင် သည် မြစ် ကမ်း ပေါ် တွင် ရပ် နေ၏။ ထို ဦး ချို နှစ် ချောင်း လုံး ပင် ရှည် လျား သော် လည်း တစ် ချောင်း သာ၍ ရှည်၏။ ဦး ချို ရှည် သည် နောက် မှ ပေါ် ထွက် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible3 ငါမျှော်ကြည့်သော်၊ ရှည်လျားသော ချိုနှစ်ချောင်းရှိသော သိုးတစ်ကောင်သည် မြစ်တစ်ဖက်၌ ရပ်နေ၏။ ထိုချိုနှစ်ချောင်းသည် မညီ၊ တစ်ချောင်းသာ၍ ရှည်၏။ သာ၍ ရှည်သောချိုသည် နောက်ပေါက်သတည်း။ အခန်းကိုကြည့်ပါ။ |
ကုရုမင်းကြီးနှင့်ပတ်သက်၍ ‘သူသည် ငါ၏သိုးထိန်းဖြစ်၍ ငါ့အလိုဆန္ဒရှိသမျှကို သူပြည့်စုံစေမည်’ဟု ငါမိန့်ဆို၏။ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ ‘ထိုမြို့ကို တည်ဆောက်ကြလိမ့်မည်’၊ ဗိမာန်တော်နှင့်ပတ်သက်၍ ‘ဗိမာန်တော်ကို အုတ်မြစ်ချကြလိမ့်မည်’ဟု ငါမိန့်ဆို၏”ဟူ၍ မိန့်တော်မူ၏။
ဒါဝိဒ်မင်းကြီးသည် မျှော်ကြည့်လျှင် မိုးနှင့်မြေကြားလေထဲ၌ရပ်နေသောကောင်းကင်တမန်တစ်ပါးကို တွေ့ရ၏။ ထိုကောင်းကင်တမန်သည် ဓားကိုကိုင်ထားလျက် ဂျေရုဆလင်မြို့ဘက်သို့ လက်ဆန့်ထား၏။ ထိုအခါ လျှော်တေအဝတ်ကိုဝတ်ထားသောဒါဝိဒ်မင်းကြီးနှင့်သက်ကြီးဝါကြီးတို့သည် ပျပ်ဝပ်လျက် နေလေ၏။
ထို့နောက် အသေသတ်ခြင်းခံခဲ့ရပုံပေါ်သော သိုးသငယ်တော်သည် ပလ္လင်တော်နှင့်သတ္တဝါလေးပါးတို့၏အကြား၊ သက်ကြီးဝါကြီးတို့၏အလယ်၌ ရပ်လျက်နေသည်ကို ငါမြင်ရ၏။ ထိုသိုးသငယ်တော်၌ ဦးချိုခုနစ်ချောင်းနှင့် မျက်စိခုနစ်လုံးရှိ၏။ ထိုမျက်စိတို့သည် မြေကြီးတစ်ပြင်လုံးသို့စေလွှတ်ခြင်းခံရသော ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးဖြစ်ကြ၏။