Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒံ​ယေ​လ 8:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ငါ​ဒံယေလ​သည် ပထမ​အကြိမ်​ဗျာဒိတ်နိမိတ်​ကို မြင်​ရ​ပြီးနောက် ဗေလရှာဇာ​မင်းကြီး​နန်းစံ​တတိယ​နှစ်​တွင် နောက်တစ်ကြိမ် မြင်​ရ​ပြန်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ဗေ​လ​ရှာ​ဇာ​မင်း​နန်း​စံ​တ​တိ​ယ​နှစ်​၌​ငါ ဒံ​ယေ​လ​သည် ဒု​တိ​ယ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ ကို​မြင်​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ဗေ လ ရှာ ဇာ မင်း နန်း စံ တ တိ ယ နှစ် တွင် ငါ ဒံ ယေ လ သည် ဦး စွာ ရူ ပါ ရုံ ကို မြင် ပြီး နောက် ရူ ပါ ရုံ တစ် ပါး ကို မြင် ပြန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ဗေ​လ​ရှာ​ဇာ​မင်း​ကြီး နန်း​စံ​သုံး​နှစ်​တွင်၊ ငါ ဒံ​ယေ​လ​သည် ယ​ခင် ဗျာ​ဒိတ်​တော်​ကို မြင်​ပြီး​သည်​နောက်၊ တစ်​ဖန် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ရ​သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 8:1
11 ပူးပေါင်းရင်းမြစ်များ  

အနှစ်​သုံးဆယ်​ပြည့်​သော​နှစ်​၊ စတုတ္ထ​လ​၊ ငါး​ရက်​နေ့​တွင် ငါ​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​တို့​နှင့်အတူ ခေဗာ​မြစ်​နား​၌​ရှိ​နေ​စဉ် ကောင်းကင်​ပွင့်​၍ ဘုရားသခင်​ဖွင့်ပြ​တော်မူ​သော​နိမိတ်အာရုံ​ကို ငါ​မြင်​ရ​၏​။


ဘုရားသခင်​သည် ထို​လူငယ်​လေး​ဦး​အား ထိုးထွင်းဉာဏ်​၊ စာပေကျမ်းဂန်​အလုံးစုံ​ကို နားလည်​နိုင်​သော​ဉာဏ်ပညာ​ကို ပေး​တော်မူ​၏​။ ထို့ပြင် ဒံယေလ​ကို ဗျာဒိတ်နိမိတ်​နှင့် အိပ်မက်​အနက်​ကို နားလည်​နိုင်​သော​ဉာဏ်​ကို​လည်း ပေး​သေး​၏​။


ထိုစဉ်က ငါ​ဒံယေလ​သည် ရက်သတ္တပတ်​သုံး​ပတ်​တိုင်တိုင် ငိုကြွေးမြည်တမ်း​လျက်


ငါ​ဒံယေလ​တစ်ဦးတည်း​သာ နိမိတ်အာရုံ​ကို မြင်​ရ​၏​။ ငါ​နှင့်အတူ​ရှိ​သော​သူ​တို့​မူကား နိမိတ်အာရုံ​ကို မ​မြင်​ရ​သော်လည်း အလွန်​ကြောက်ရွံ့​တုန်လှုပ်​ကြ​ပြီး ထွက်ပြေး​ပုန်းအောင်း​ကြ​၏​။


သူ​ပေါ်လာ​ပြီး​မကြာမီ​မှာပင် သူ့​နိုင်ငံ​သည် ပျက်စီး​သွား​၍ မိုးကောင်းကင်​အောက်​အရပ်​လေး​မျက်နှာ​သို့ ကွဲပြား​သွား​လိမ့်မည်​။ ထို​နိုင်ငံ​ကို သူ​၏​သားစဉ်မြေးဆက်​တို့ ဆက်ခံ​ရ​ကြ​မည်​မ​ဟုတ်​။ သူ​အုပ်စိုး​ခဲ့​သည့်​အာဏာစက်​မျိုး ရှိ​တော့​မည်​မ​ဟုတ်​။ သူ​၏​နိုင်ငံ​ကို သူ့​လက်​မှ​နုတ်ယူ​၍ အခြား​သူ​တို့​လက်​သို့ ပေးအပ်​လိမ့်မည်​။


ဘေဘီလုံ​ဘုရင်​ဗေလရှာဇာ​မင်းကြီး နန်းစံ​ပထမ​နှစ်​တွင် ဒံယေလ​သည် အိပ်ရာ​ပေါ်တွင်​အိပ်​နေစဉ် စိတ်အာရုံ​တွင် အိပ်မက်​တစ်ခု​ကို မြင်မက်​လေ​၏​။ ထိုအခါ သူ​သည် ထို​အိပ်မက်​ကို ရေးမှတ်​ထား​ပြီး အိပ်မက်​၏​အနှစ်ချုပ်​ကို​ပြောပြ​၏​။


ငါ​ဒံယေလ​၏​အတွင်းဝိညာဉ်​သည် ပူဆွေး​လျက်​ရှိ​၏​။ ငါ​မြင်​ရ​သော​စိတ်အာရုံ​ကြောင့် ငါ​ထိတ်လန့်​နေ​၏​။


ဤသည်ကား အဖြစ်အပျက်​အလုံးစုံ​တည်း​။ ငါ​ဒံယေလ​သည် အတွေး​များ​ကြောင့် စိုးရိမ်ထိတ်လန့်​ကာ မျက်စိ​မျက်နှာပျက်​လေ​၏​။ သို့သော် ထို​အဖြစ်အပျက်​တို့​ကို ငါ့​စိတ်​ထဲတွင် သိမ်းဆည်း​ထား​လေ​၏”​ဟု ဆို​၏​။


ငါ​ဒံယေလ​သည် ဗျာဒိတ်နိမိတ်​ကို မြင်​ရ​၍ နားလည်​အောင် ကြိုးစား​နေ​စဉ် လူ​နှင့်​တူ​သော​သဏ္ဌာန်​တစ်​ခု​သည် ငါ့​ရှေ့​ရောက်လာ​၏​။


ထို​ဗျာဒိတ်နိမိတ်​ကို​မြင်​ရ​စဉ် ငါ​သည် ဧလံ​ပြည် ရှုရှန်​နန်းတော်​တွင် ရှိ​နေ​၏​။ ထို​ဗျာဒိတ်နိမိတ်​ထဲတွင် ငါ​သည် ဥလဲ​မြစ်​နား​သို့ ရောက်​နေ​၏​။


ဒါရိ​မင်းကြီး​နန်းစံ​ပထမ​နှစ်​တွင် ငါ​ဒံယေလ​သည် ဂျေရုဆလင်​မြို့​ပျက်စီး​မည့်​နှစ်ပေါင်း​မှာ အနှစ်​ခုနစ်ဆယ်​ဖြစ်ကြောင်း ပရောဖက်​ယေရမိ​ပြောကြား​ခဲ့​သော​ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို ကျမ်းစာလိပ်​အားဖြင့် သိ​ခဲ့​ရ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ