ဒံယေလ 3:24 - မြန်မာ့စံမီသမ္မာကျမ်း
24 ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် အလွန်အံ့အားသင့်လျက် ရုတ်တရက်ထ၍ မိမိအတိုင်ပင်ခံတို့အား “ငါတို့သည် လူသုံးဦးကိုတုပ်နှောင်၍ မီးထဲသို့ပစ်ချခဲ့သည်မဟုတ်လော”ဟု မေးရာ သူတို့ကလည်း “မှန်ပါသည် အရှင်မင်းကြီး”ဟု ပြန်လျှောက်ကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
24 ထိုအခါနေဗုခဒ်နေဇာသည်အံ့အားသင့် လျက် ရုတ်တရက်ထတော်မူပြီးလျှင် မိမိ ၏အတိုင်ပင်ခံအရာရှိများအား``ငါတို့ သည်လူသုံးယောက်တို့ကိုတုပ်နှောင်၍ပြင်း စွာအလျှံထလျက်ရှိသည့်မီးဖိုကြီးထဲ သို့ပစ်ချခဲ့ကြသည်မဟုတ်ပါလော'' ဟု မေးတော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
24 ထို အ ခါ နေ ဗု ခဒ် နေ ဇာ မင်း သည် အံ့ ဩ၍ အ ဆော တ လျင် ထ ပြီး လျှင် လူ သုံး ယောက် တို့ ကို မီး ထဲ သို့ တုပ် နှောင် ပစ် ချ သည် မ ဟုတ် တုံ လော ဟု မှူး မတ် တို့ အား မေး တော် မူ ရာ မှန် ပါ၏။ ဘု ရင် မင်း မြတ် ဟု တင် လျှောက် ကြ လျှင်၊
အခန်းကိုကြည့်ပါ။ ကော်ပီ
24 ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် အံ့ဩမိန်းမော၍ အလျင်တဆောထပြီးလျှင်၊ လူသုံးယောက်တို့ကို တုပ်နှောင်၍ မီးထဲသို့ ချပစ်သည် မဟုတ်လောဟု တိုင်ပင်မှူးမတ်တို့အား မေးတော်မူ၏။ မှူးမတ်တို့ကလည်း၊ မှန်ပါ၏ဘုရားဟု ပြန်လျှောက်ကြလျှင်၊
အခန်းကိုကြည့်ပါ။ ကော်ပီ