ဒေသနာကျမ်း။ 2:4 - မြန်မာ့စံမီသမ္မာကျမ်း4 ငါသည် ငါပြုသောအမှုများကို တိုးပွားစေ၏။ ငါ့အတွက် အိမ်များကို ငါတည်ဆောက်၍ စပျစ်ခြံများကို ငါစိုက်ပျိုး၏။ အခန်းကိုကြည့်ပါ။Common Language Bible4 ကြီးကျယ်သောအလုပ်ကို စီရင်၍အိမ်တို့ကို ဆောက်၏။ စပျစ်ဥယျဉ်တို့ကိုလည်း စိုက်၏။ အခန်းကိုကြည့်ပါ။Garrad Bible4 ကြီး ကျယ် စွာ ငါ စီ မံ သည် မှာ၊ တိုက် အိမ် များ ကို တည် ဆောက် ခြင်း၊ စ ပျစ် ဥ ယျာဉ် များ ကို စိုက် ပျိုး ခြင်း။ အခန်းကိုကြည့်ပါ။Judson Bible4 ကြီးကျယ်သောအလုပ်ကို စီရင်၍ အိမ်တို့ကို ဆောက်၏။ စပျစ်ဥယျာဉ်တို့ကိုလည်း စိုက်၏။ အခန်းကိုကြည့်ပါ။ |
“သင့်ခမည်းတော်နှင့်အကျွန်ုပ်၏ခမည်းတော် ကတိသစ္စာပြုခဲ့သကဲ့သို့ သင်နှင့်အကျွန်ုပ်လည်း ကတိသစ္စာပြုခဲ့ပါ၏။ ယခု သင့်အား ရွှေငွေများကို လက်ဆောင်အဖြစ်ပေးလိုက်ပါ၏။ အစ္စရေးဘုရင်ဗာရှာမင်းကြီးသည် အကျွန်ုပ်ထံမှ တပ်ရုပ်သွားရန် သူနှင့်ပြုသောကတိသစ္စာကို သွား၍ဖျက်ပါလော့”ဟု မှာလိုက်လေ၏။
မြေနိမ့်ဒေသနှင့် လွင်ပြင်တို့တွင် သူပိုင်ဆိုင်သောတိရစ္ဆာန်များစွာရှိသောကြောင့် တောထဲ၌ မျှော်စင်များကိုဆောက်လုပ်၏။ ရေတွင်းများစွာကိုလည်း တူး၏။ လယ်ယာစိုက်ပျိုးရေးကို ဝါသနာပါသောကြောင့် တောင်ကုန်းများ၊ သီးနှံဖြစ်ထွန်းသောမြေယာများတွင် လယ်သမားများ၊ စပျစ်ခြံလုပ်သားများကို ထားရှိ၏။
ရှောလမုန်မင်းကြီးက “ထာဝရဘုရား၏သေတ္တာတော်ရောက်ရှိရာနေရာတိုင်းသည် သန့်ရှင်းသည်ဖြစ်၍ ဖာရောမင်းကြီး၏သမီးတော်သည် အကျွန်ုပ်၏မိဖုရားဖြစ်သော်လည်း အစ္စရေးဘုရင်ဒါဝိဒ်မင်းကြီး၏နန်းဆောင်တွင် မနေသင့်”ဟု ဆိုလျက် ဖာရောမင်းကြီး၏သမီးတော်ကို ဒါဝိဒ်မြို့မှ သူ့အဖို့ဆောက်လုပ်ပေးသောနန်းတော်သို့ ပို့ဆောင်၏။