Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 33:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ထိုအခါ မောရှေ​က “​ကိုယ်တော်​၏​ဘုန်းအသရေ​တော်​ကို အကျွန်ုပ်​အား ပြ​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ထို​နောက်​မော​ရှေ​က``ကိုယ်​တော်​၏​တောက်​ပ သော​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ခွင့်​ပေး တော်​မူ​ပါ'' ဟု​တောင်း​ပန်​လျှောက်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ဘုန်း တော် ကို ပြ တော် မူ ပါ ဟု လျှောက် တောင်း ပြန် လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 တစ်​ဖန်​တုံ၊ ကိုယ်​တော်၏​ဘုန်း​ကို အ​ကျွန်ုပ်​အား​ပြ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု​လျှောက်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 33:18
10 ပူးပေါင်းရင်းမြစ်များ  

များစွာ​သော​သူ​တို့​က “​ကောင်းမြတ်​သော​အရာ​ကို ငါ​တို့​အား​မည်သူ​ပြ​နိုင်​မည်နည်း​”​ဟု ပြောဆို​ကြ​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို အကျွန်ုပ်​တို့​အပေါ် ထွန်းလင်း​စေ​တော်မူ​ပါ​။


ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အသက်​ထက်​သာ၍​ကောင်းမြတ်​သောကြောင့် အကျွန်ုပ်​၏​နှုတ်ခမ်း​သည် ကိုယ်တော်​ကို​ထောမနာပြု​ပါ​မည်​။


တစ်ဖန် ထာဝရဘုရား​က “​ငါ့​ကို​မြင်​သော​သူ​သည် အသက်​မ​ရှင်​ရ​။ သို့ဖြစ်၍ သင်​သည် ငါ့​မျက်နှာ​ကို မ​မြင်​နိုင်​”​ဟု မိန့်​တော်မူ​၏​။


ဘုရားသခင်​ကို မည်သူမျှ​မ​မြင်​ဖူး​သော်လည်း ခမည်းတော်​၏​ရင်ခွင်​၌​ရှိ​သည့် တစ်ပါးတည်း​သော​သား​တော်​ဘုရား​သည် ဘုရားသခင်​ကို ထင်ရှား​စေ​တော်မူ​ပြီ။


ငါ​၏​ပညတ်​ချက်​များ​ကို​ရရှိ​၍ ၎င်း​တို့​ကို​စောင့်ထိန်း​သော​သူ​သည် ငါ့​ကို​ချစ်​သော​သူ​ဖြစ်​၏။ ငါ့​ကို​ချစ်​သော​သူ​အား ငါ့​ခမည်းတော်​သည် ချစ်​တော်မူ​မည်။ ငါ​သည်​လည်း ထို​သူ​ကို​ချစ်​၍ သူ့​ထံ၌ မိမိကိုယ်ကို​ထင်ရှား​စေ​မည်”​ဟု မိန့်​တော်မူ​၏။


ငါ​တို့​ရှိသမျှ​သည်​လည်း မျက်နှာလွှား​မ​ပါ​သော​မျက်နှာ​ပေါ်တွင် သခင်​ဘုရား​၏​ဘုန်း​တော်​ကို ထင်ဟပ်​စေ​လျက် ကိုယ်တော်​၏​ပုံသဏ္ဌာန်​တော်​နှင့်အညီ ဝိညာဉ်​တော်​ဖြစ်​သော သခင်​ဘုရား​အားဖြင့် ဘုန်း​တော်​မှ ဘုန်း​တော်​သို့ ပုံသဏ္ဌာန်​ပြောင်းလဲ​စေ​ခြင်း​ကို​ခံရ​ကြ​၏။


“အမှောင်​ထဲမှ အလင်း​ထွန်းလင်း​စေ”​ဟု မိန့်​တော်မူ​သော​ဘုရားသခင်​သည် ယေရှု​ခရစ်တော်​၏​မျက်နှာ​တော်​၌​ထွန်းလင်း​သည့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​သိ​သော​ဉာဏ်​အလင်းရောင်​အား ငါ​တို့​စိတ်နှလုံး​ထဲ၌ ထွန်းလင်း​စေ​တော်မူ​၏။


ကိုယ်တော်​တစ်ပါးတည်း​သာလျှင် သေ​ခြင်း​နှင့်​ကင်း​သော​အဖြစ်​၌​ရှိ​လျက် ချဉ်းကပ်​၍​မ​ရ​သော​အလင်း​၌ ကိန်းဝပ်​တော်မူ​၏။ လူ​တို့​တွင် မည်သူ​တစ်ဦးတစ်ယောက်​မျှ ကိုယ်တော်​ကို​မ​မြင်​ဖူး​သကဲ့သို့ မြင်​လည်း​မ​မြင်​နိုင်​ပေ။ ထို​ဘုရားသခင်​၌ ဂုဏ်သရေ​နှင့်​ထာဝရ​တန်ခိုး​အရှိန်အဝါ​ရှိ​တော်မူ​ပါစေသော။ အာမင်။


ကြီးမြတ်​သည့်​ဘုရားသခင်​ဖြစ်​တော်မူ​သော ငါ​တို့​၏​ကယ်တင်ရှင်​ယေရှု​ခရစ်တော်​၏​ဘုန်း​တော်​ပေါ်ထွန်း​ခြင်း​တည်းဟူသော မင်္ဂလာရှိ​သော​မျှော်လင့်​ခြင်း​ကို စောင့်မျှော်​ရန်​လည်းကောင်း ဆုံးမ​သွန်သင်​လျက်​ရှိ​၏။


ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​သည် ထို​မြို့​ကို​ထွန်းလင်း​စေ​၍ သိုးသငယ်​တော်​သည် ထို​မြို့​၏​ဆီမီး​ဖြစ်​သောကြောင့် ထို​မြို့​ကို​ထွန်းလင်း​စေရန် နေ​နှင့်​လ​တို့​ကို မ​လိုအပ်​ပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ