ထွက်မြောက် 32:27 - မြန်မာ့စံမီသမ္မာကျမ်း27 မောရှေက သူတို့အား “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘လူအသီးသီး မိမိနံဘေး၌ ဓားကိုဆောင်လျက် တပ်စခန်းအဝင်ဝမှ တပ်စခန်းတစ်လျှောက် အဆုံးတိုင်အောင် ခေါက်တုံ့ခေါက်ပြန်သွားလော့။ လူအသီးသီး မိမိညီအစ်ကို၊ မိမိအပေါင်းအဖော်၊ မိမိအိမ်နီးချင်းတို့ကို သတ်လော့’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible27 မောရှေကသူတို့အား``ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားက`သင်တို့ တစ်ယောက်စီဋ္ဌားကိုကိုင်စွဲ၍၊ စခန်းတစ်ဘက် မှတစ်ဘက်သို့နေရာအနှံ့အပြားသွားပြီး လျှင်၊ သင်တို့၏ညီအစ်ကို၊ အဆွေခင်ပွန်း၊ အိမ်နီး ချင်းတို့ကိုသတ်လော့' ဟုမိန့်တော်မူသည်'' ဟု ဆင့်ဆိုလေ၏။- အခန်းကိုကြည့်ပါ။Garrad Bible27 မော ရှေ က လည်း အ သီး အ သီး ဓား လွယ် လျက် တပ် စ ခန်း ဝ တစ် ပေါက် မှ တစ် ပေါက် သို့ ခေါက် ပြန် သွား လာ၍ ညီ အစ် ကို၊ အ ပေါင်း အ ဖော်၊ နီး စပ် သူ များ ကို ကွပ် မျက် စေ ဟု ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း နှင့် စီ ရင် သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible27 မောရှေကလည်း၊ လူတိုင်းဓားလွယ်လျက် တပ်တစ်မျက်နှာတံခါးမှ တစ်မျက်နှာ တံခါးတိုင်အောင်ထုတ်ချင်းခပ်သွား၍၊ အသီးအသီး မိမိညီအစ်ကို၊ မိမိအပေါင်းအဖော်၊ မိမိအိမ်နီးချင်းကိုသတ်စေဟု ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား အမိန့်ရှိတော်မူသည်ဟု၊ အခန်းကိုကြည့်ပါ။ |
မီးရှို့ရာယဇ်ပူဇော်ပြီးသည်နှင့် ယေဟုက အစောင့်တပ်သားများနှင့် တပ်မှူးတို့အား “ဝင်ပြီး သတ်ကြ။ တစ်ယောက်ကိုမျှမလွတ်စေနှင့်”ဟု အမိန့်ပေးလိုက်ရာ သူတို့သည် ဓားဖြင့် ဝင်ရောက်သတ်ဖြတ်ကြ၏။ အစောင့်တပ်သားများနှင့် တပ်မှူးတို့သည် အလောင်းများကို ပစ်ထားခဲ့ပြီး ဗာလဘုရားဝတ်ကျောင်း၏အတွင်းခန်းထဲသို့ ဝင်သွားကြ၏။