ထွက်မြောက် 18:3 - မြန်မာ့စံမီသမ္မာကျမ်း3 သူ၏သားနှစ်ယောက်ကို ခေါ်ထား၏။ မောရှေက “ငါသည် တစ်ပါးအမျိုးသားပြည်၌ ဧည့်သည်ဖြစ်ရပြီ”ဟု ဆိုလျက် သားတစ်ယောက်၏အမည်ကို ဂေရရှုံ ဟု မှည့်ခေါ်ထား၏။ အခန်းကိုကြည့်ပါ။Judson Bible3 သူ၏သားနှစ်ယောက်ကိုယူ၍သွားလေ၏။ သားတစ်ယောက်ကား၊ ဂေရရှုံအမည်ရှိ၏။ အကြောင်းမူကား၊ ငါသည် တစ်ကျွန်းတစ်နိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟု အဘဆိုသတည်း။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏အော်ဟစ်သံကို စူးစိုက်နားထောင်တော်မူပါ။ အကျွန်ုပ်၏မျက်ရည်ကိုကြည့်၍ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော့်ထံ၌ရှိသော တိုင်းတစ်ပါးသားဖြစ်၍ အကျွန်ုပ်၏ဘိုးဘေးအပေါင်းတို့နည်းတူ ဧည့်သည်မျှသာဖြစ်ပါ၏။