Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 14:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 တပ်မှူး​အသီးသီး​ပါ​သော လက်ရွေးစင်​စစ်ရထား​ခြောက်​ရာ​နှင့်တကွ အီဂျစ်​ပြည်​ရှိ​စစ်ရထား​အားလုံး​ကို​လည်း ခေါ်သွား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 သူ​သည်​တပ်​မှူး​များ​ဦး​စီး​သော​လက်​ရွေး စင်​စစ်​ရ​ထား​ခြောက်​ရာ​အ​ပါ​အ​ဝင် စစ် ရ​ထား​အား​လုံး​ကို​စု​ရုံး​ချီ​တက်​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ရွေး​သော​ရ​ထား​ခြောက်​ရာ၊ အဲ​ဂု​တ္တု​မြင်း​စီး​သူ​ရဲ​အ​ပေါင်း​နှင့်​တ​ကွ၊ ဗိုလ်​မင်း​အ​သီး​အ​သီး​တို့​ကို ခေါ်​ယူ​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 14:7
11 ပူးပေါင်းရင်းမြစ်များ  

စစ်ရထား​နှင့်​မြင်းစီးသူရဲ​တို့​သည်​လည်း လိုက်ပါ​သွား​ကြ​သဖြင့် အလွန်​ကြီးမား​သော​လူအုပ်ကြီး​ဖြစ်​လေ​၏​။


အချို့​တို့​သည် စစ်ရထား​များ​အတွက်​၊ အချို့​တို့​သည် မြင်း​များ​အတွက် ဂုဏ်ယူဝင့်ကြွား​ကြ​၏​။ ငါ​တို့​မူကား ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တော်​အတွက် ဂုဏ်ယူဝင့်ကြွား​ကြ​၏​။


ဘုရားသခင်​၏​စစ်ရထား​တို့​သည် အထောင်​အသောင်း​မက​များပြား​ကြ​၏​။ ဘုရားရှင်​သည် သိနာ​တောင်​မှာ​ကဲ့သို့ သူ​တို့​နှင့်အတူ သန့်ရှင်းရာဌာန​တော်​၌ ရှိ​တော်မူ​၏​။


အီဂျစ်​လူမျိုး​တို့​နှင့်တကွ ဖာရော​မင်းကြီး​၌​ရှိသမျှ​သော​မြင်း​၊ စစ်ရထား​နှင့် မြင်းစီးသူရဲ​တို့​သည်​လည်း သူ​တို့​၏​နောက်မှ​လိုက်​၍ ပင်လယ်​ထဲ​သို့​ဝင်​ကြ​၏​။


ထို့ကြောင့် ဖာရော​မင်းကြီး​သည် မိမိ​စစ်ရထား​ကို​အသင့်ပြင်​စေ​ပြီးလျှင် မိမိ​နှင့်အတူ မိမိ​လူ​တို့​ကို ခေါ်သွား​လေ​၏​။


ထာဝရဘုရား​သည် အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို​မာကျော​စေ​သဖြင့် သူ​သည် ဝင့်ကြွား​စွာ​ဖြင့်​ထွက်သွား​ကြ​သော အစ္စရေး​အမျိုးသား​တို့​နောက်သို့​လိုက်​လေ​၏​။


ဖာရော​မင်းကြီး​၏​စစ်ရထား​များ​နှင့်​စစ်သည်​တို့​ကို ပင်လယ်​ထဲသို့​ချပစ်​တော်မူ​ပြီ​။ လက်ရွေးစင်​တပ်မှူး​တို့​သည်​လည်း ပင်လယ်နီ​ထဲ၌ နစ်မြုပ်​ကြ​လေ​ပြီ​။


သင်​သည် သင့်​မင်းမှုထမ်း​တို့​အားဖြင့် ဘုရားရှင်​ကို​ကဲ့ရဲ့ပြစ်တင်​လျက် ငါ​၏​စစ်ရထား​များစွာ​ဖြင့် လက်ဘနွန်​တောင်​ထိပ်​အစွန်အဖျား​သို့ ငါ​တက်​ခဲ့​ပြီ​။ ထို​တောင်​ပေါ်ရှိ မြင့်မား​သော​သစ်ကတိုးပင်​၊ အကောင်းဆုံး​ထင်းရှူးပင်​တို့​ကို ငါ​ခုတ်လှဲ​ခဲ့​ပြီ​။ တောနက်ကြီး​၏​အစွန်အဖျား​သို့​လည်း ငါ​ရောက်​ခဲ့​ပြီ​။


ထာဝရဘုရား​သည် သိသရ​မှစ၍ စစ်ရထား​၊ စစ်သည်​ရှိသမျှ​တို့​ကို ဗာရက်​၏​ဓား​သွား​ဖြင့် မရှုမလှ​ရှုံးနိမ့်​စေ​တော်မူ​သောကြောင့် သိသရ​သည် သူ​၏​စစ်ရထား​ပေါ်​မှ​ဆင်း​ပြီး ခြေကျင်​ဖြင့် ထွက်ပြေး​လေ​၏​။


ထို​ဘုရင်​၌ သံ​စစ်ရထား​အစီး ကိုး​ရာ​ရှိ​၏​။ သူ​သည် အစ္စရေး​အမျိုးသား​တို့​ကို အနှစ်​နှစ်ဆယ်​ပတ်လုံး ရက်ရက်စက်စက်​ညှဉ်းဆဲ​သောကြောင့် အစ္စရေး​အမျိုးသား​တို့​က ထာဝရဘုရား​ထံ အော်ဟစ်​ကြ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ